DVB Logo
Home
အားကစား
စတာလင်၏ အကောင်းဆုံးစွမ်းဆောင်ရည်ရယူရန်လိုအပ်ဟု  နည်းပြအာတေတာ သုံးသပ်
DVB
·
February 22, 2025
စတာလင်၏ အကောင်းဆုံးစွမ်းဆောင်ရည်ရယူရန်လိုအပ်ဟု  နည်းပြအာတေတာ သုံးသပ်
Donate to DVB

အာဆင်နယ်တောင်ပံကစားသမား ရာဟင်းစတာလင်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရယူနိုင်ဖို့လိုအပ်တယ်လို့ နည်းပြ အာတေတာက ပြောသွားပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ အခုနှစ်ရာသီ အစကတည်းက စတာလင်ကို ချဲလ်ဆီးကနေ တရာသီအငှားစာချုပ်နဲ့ခေါ်ယူခဲ့ပေမဲ့  အသင်းအပေါ် အကျိုးသက်ရောက်မှု မရှိဘဲဖြစ်နေတာပါ။

တိုက်စစ်ပိုင်းဒဏ်ရာပြဿနာတွေရှိနေချိန်မှာ စတာလင်လို ကစားသမားလိုအပ်ပြီး သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရယူနိုင်ဖို့လည်း လိုအပ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။

စတာလင်အနေနဲ့ ယုံကြည်မှုပျောက်ဆုံးတာမဖြစ်ဖို့ မျှော်လင့်ပြီး အသင်းသားအားလုံးက စတာလင်ကို ဝန်းရံအားပေးနေကြောင်း နည်းပြအာတေတာကပြောပါတယ်။

ချန်ပီယံလိဂ်ရူံးထွက်အဆင့်မှာ ပီအက်စ်ဗွီနဲ့ တွေ့ဆုံနေတဲ့အပေါ် မနှစ်ကရာသီကလည်း  တွေ့ဆုံခဲ့ဖူးလို့ အသင်းကောင်းတသင်းနဲ့ ထပ်မံဆုံတွေ့ရတာဖြစ်ကြောင်း နည်းပြအာတေတာက မှတ်ချက်ပေးသွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013