DVB Logo
Home
နိုင်ငံတကာ
ဓားစာခံများ သေဆုံးမှုအတွက် လက်စားချေမည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု
DVB
·
February 21, 2025
ဓားစာခံများ သေဆုံးမှုအတွက် လက်စားချေမည်ဟု အစ္စရေးဝန်ကြီးချုပ် ကတိပြု
Donate to DVB

အစ္စရေးနိုင်ငံဟာ ဟားမတ်စ်ရဲ့ ဓားစာခံဖြစ်ရတဲ့ အငယ်ဆုံး ကလေးလေး ၂ ယောက် အပါအဝင် အစ္စရေးဓားစာခံ ၄ ယောက်တို့ရဲ့ ရုပ်အလောင်းတွေ ပြန်ရောက်ရှိလာမှုနဲ့အတူ မခံမရပ်နိုင်စရာ ဝမ်းနည်းပူဆွေးမှုမှာ တနိုင်ငံလုံး တစည်းတလုံးတည်း ညီညွတ်ခဲ့ကြတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က နေအိမ်တွေကနေ အရှင်လတ်လတ် ပြန်ပေးဆွဲခံခဲ့ရပေမဲ့ ဂါဇာကနေ အသက်မဲ့ပြီး ခေါင်းတလားနဲ့ ပြန်လာခဲ့ရတဲ့ ဓားစာခံတွေအတွက် လက်စားချေမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ဗီဒီယိုထုတ်ပြန်ချက်တခုမှာ နေတန်ယာဟုက ကျမ်းစာထဲမှ ဆလံမ်-၉၄ အပိုဒ်ကို ကိုးကားပြီး “ကျွန်ုပ်တို့ရဲ့ ဓားစာခံတွေအားလုံးကို ပြန်လည်ခေါ်ဆောင်မှာဖြစ်ပြီး လူသတ်သမားတွေကို ချေမှုန်းပစ်မှာ ဖြစ်ပြီး ဟားမတ်စ်တွေကို ချေမှုန်းပစ်မယ်” လို့ ကတိပြုခဲ့ပါတယ်။

သေဆုံးသွားသူတွေထဲမှာ မွေးကင်းစကလေး ကက်ဖီးရ် ဘီးဘာစ်နဲ့ သူ့ရဲ့ ၄ နှစ်သား အစ်ကို အာရီယယ်လ် တို့ဟာ အသက်အငယ်ဆုံး သုံ့ပန်း ၂ ယောက်ဖြစ်ပြီး အဲဒီနေ့က ကြုံတွေ့ခံစားခဲ့ကြရတဲ့ စိတ်ဒဏ်ရာတွေရဲ့ အပြင်းထန်ဆုံး သင်္ကေတလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ရရှိခဲ့တဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အမေရိကန်ရဲ့ ကျောထောက်နောက်ခံနဲ့ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်ဖျန်ဖြေပေးခဲ့မှုတွေနဲ့အတူ အဲဒီ ကလေး ၂ ယောက်နဲ့ သူတို့ရဲ့မိခင် ရှီရီ ဘီဘာ့စ်၊ စတုတ္ထမြောက်ဓားစာခံ အိုဒက်ဒ် လစ်ဖ်ရှစ်ထ်ဇ် တို့ရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေဟာ ဂါဇာကမ်းမြောင်ဒေသအနီးရှိ ရပ်ရွာတွေထဲက တခုဖြစ်တဲ့ ကစ်ဘွတ်စ် နီရ်အို့ဇ် ရပ်ရွာအသိုင်းအဝိုင်းကို ဝင်စီးပြီး သူတို့ရဲ့ဖခင် ယာဒန် ဘီဘာ့စ် အပါအဝင် ဘီဘာ့စ် မိသားစုကို ပြန်ပေးဆွဲ ခေါ်သွားချိန်မှာ ကက်ဖီးရ် ဘီးဘာ့စ်ဟာ ၉ လသားအရွယ်ပဲ ရှိပါသေးတယ်။

ကလေးတွေနဲ့ သူတို့ရဲ့မိခင် သေဆုံးခဲ့ကြောင်း ဟားမတ်စ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပြောကြားခဲ့ပေမဲ့ သူတို့ရဲ့သေဆုံးမှုကို အစ္စရေးအာဏာပိုင်တွေက အတည်ပြုခဲ့ခြင်း မရှိပါဘူး။

ယာဒန် ဘီဘာ့စ် ကတော့ အခုလ အကျဉ်းသားလဲလှယ်တဲ့ အစီအစဉ်မှာ ပြန်လွတ်မြောက်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013