DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တိုက်ပွဲများကြောင့် မရိတ်သိမ်းနိုင်သည့် စပါးဧကသောင်းချီကျန်နေ
DVB
·
February 21, 2025
ဧရာဝတီတိုင်းတွင် တိုက်ပွဲများကြောင့် မရိတ်သိမ်းနိုင်သည့် စပါးဧကသောင်းချီကျန်နေ
Donate to DVB

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ မရိတ်သိမ်းနိုင်တဲ့အထိဖြစ်နေတဲ့ စပါးခင်း ဧကသောင်း ချီရှိနေတယ်လို့ ဒေသခံ တောင်သူတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့တိုက်ပွဲ ဖြစ်ပွားလို့ စပါးခင်းများအတွင်းသို့လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမှုတွေ ရှိနေတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ မိုးသီးနှံစိုက်ပျိုးရာသီက ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့စပါးခင်းဧကသောင်ချီကျန်နေသေးတယ်လို့ ဆိုပါတယ်။

သာပေါင်း ဒေသခံတောင်သူ တယောက်က “လယ်ယာအလုပ်က ဒေသမတည်မငြိမ်ဖြစ်တော့ ဘာမှလုပ်လို့မရတာ။ စပါးခင်းတွေထဲ လက်နက်ကြီး ကျည်တွေ မကြာခဏဆိုသလို ကျတာတွေရှိလာတယ်။ အဲ့တော့လယ်ထဲတောင် မဆင်းရဲဘူး။ အလုပ်ကိုကောင်းကောင်းလုပ်ရတဲ့ ရက်မရှိဘူး။ အခုလည်းတိုက်ပွဲတွေ ဖြစ်နေပြန်တော့ လယ်ယာလုပ်ချိန်ကိုမရတာ''လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်း၊ ရေကြည်၊ ပုသိမ်၊ ကြံခင်း၊ မြန်အောင်၊ ငရုတ်ကောင်း စတဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ စပါးခင်းတွေရိတ်သိမ်းဖို့ကျန်နေတာလို့ ဆိုပါတယ်။

ပုသိမ်မြို့နယ် ရွှေသောင်ယံဒေသခံတယောက်က “နှမျောတယ်လယ်ကွင်းထဲမှာ စပါးတွေက ရိတ်သိမ်းဖို့ တော်နေတဲ့ အဆင့်ရောက်နေတာ။ တိုက်ပွဲတွေဖြစ်တော့ လယ်တွေ၊ ပစ်ထားခဲ့ရတယ်။ လက်နက်ကြီးရန်ကြောက်လို့ လယ်ထဲလည်း ဘယ်သူမှ မသွားရဲကြဘူးလေ။ စပါးတွေ အမှည့်လွန်ကုန်ပြီး အလေအလွင့်ဖြစ်မှာသေချာတယ်” လို့ ပြောပါတယ်။

ဒေသတွင်းစတင် မတည်မငြိမ်ဖြစ်လို့ မိုးစပါးတွေကို အပြည့်အဝစိုက်ပျိုးနိုင်ခြင်းမရှိခဲ့တဲ့ ဒေသခံ တောင်သူတွေအတွက် လတ်တလောရင့်မှည့်နေပြီဖြစ်တဲ့ စပါးတွေကို အချိန်မီ ရိတ်သိမ်းနိုင်ခြင်းမရှိပါက စားနပ်ရိက္ခာ ဖူလုံမှုအတွက် များစ္စာအခက်အခဲ ပိုမိုဖြစ်ပေါ်လာ နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေဟာ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မိုးရာသီက ရေကြီးရေလျှံမှုကြောင့် သီးနှံစိုက်ခင်းတွေ သဘာဝဘေးဒဏ်ကြောင့်ပျက်စီးခဲ့ရပြီး အခု စစ်ရေးဒဏ်ပါ ကြုံတွေ့ခံစားလာရတဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013