DVB Logo
Home
မြန်မာသတင်း
“ပြောစကား နားမထောင်ရင် လျှပ်စစ်ကျဉ်စက်နဲ့ နှိပ်စက်ခံရတယ်” - ကျားဖြန့်သားကောင် ဂျပန်ကျောင်းသား
DVB
·
February 19, 2025
“ပြောစကား နားမထောင်ရင် လျှပ်စစ်ကျဉ်စက်နဲ့ နှိပ်စက်ခံရတယ်” - ကျားဖြန့်သားကောင် ဂျပန်ကျောင်းသား
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံခဲ့ရတဲ့ ဂျပန်ဆယ်ကျော်သက် အထက်တန်းကျောင်းသား  ၂ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဂျပန်နိုင်ငံကို ကယ်တင် ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။

သူတို့ထဲက တယောက်ဖြစ်တဲ့ အိုင်အိချီ စီရင်စုနေ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားက ကျားဖြန့်ဂိုဏ်းမှာ ပြောစကား နားမထောင်ရင်၊ ခွဲတမ်းအလုပ်မပြည့်မီရင် လျှပ်စစ်ကျဉ်စက်နဲ့ နှိပ်စက်ခံခဲ့ရတယ်လို့ ဂျပန်ရဲအရာရှိတွေကို ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် NHK သတင်းဌာနက ဖော်ပြပါတယ်။

ကယ်တင်နိုင်ခဲ့တဲ့ ဂျပန်ဆယ်ကျော်သက် ၂ ယောက်မှာ အိုင်အိချီ စီရင်စုက အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားနဲ့  မီယာဂီ စီရင်စုက အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတို့ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ် ဂျပန်လူငယ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဝန်းကျင်ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပြီး မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီးနောက် သူ့ရဲ့တည်နေရာဟာ မြဝတီမှာ ရှိနေတဲ့အကြောင်း ပေါ်ထွက်လာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံ ဂျပန်သံရုံးနဲ့ ထိုင်းရဲဌာနတို့ ပူးပေါင်းကယ်တင်နိုင်ခဲ့ကာ  ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျပန်ကို လေယာဉ်နဲ့ ပြန်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အထက်တန်းကျောင်းသား ၂ ယောက်ဟာ ဂျပန်နိုင်ငံကို လိမ်လည်ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်စေခဲ့တယ်လို့ ယူဆရပြီး အဆိုပါကျောင်းသား ၂ ယောက်ရဲ့ ထွက်ဆိုချက်အရ တခြား ဂျပန်လူမျိုး အနည်းဆုံး အယောက် ၂၀ ကျော်မှ ၁၀၀ ခန့်အထိ ခိုင်းစေခံနေတယ်လို့ ယူဆရကာ ဂျပန်ရဲဌာန အာဏာပိုင်တွေက အဆိုပါအမှုကို ဆက်လက်စုံစမ်းနေကြောင်းလည်း သိရပါသည်။

အဆိုပါ ဆယ်ကျော်သက် ကျောင်းသား ၂ ယောက်ဟာ လှည့်ဖြားလူကုန်ကူးခံရတာဖြစ်ပြီး လူကုန်ကူးသူလို့ ယူဆရသူ ဂျပန်လူမျိုး ၄ ယောက်ကိုလည်း ထိုင်းရဲဌာနက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ နိုင်ငံခြားသား ၁,၀၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာ ထိုင်းအာဏာပိုင်တွေဆီ စတင်လွှဲပြောင်းဖို့ စီစဉ်ထားကာ အဆိုပါ ၁,၀၀၀ ကျော်စာရင်းမှာ ဂျပန်လူမျိုးတွေ ပါ၊ မပါ မသိသေးကြောင်း NHK သတင်းဌာနက ဆိုပါတယ်။

Source: NHK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013