DVB Logo
Home
နိုင်ငံတကာ
ဘိုင်ဒင်လက်ထက်က အစိုးရရှေ့နေအားလုံးကို ရာထူးက ရပ်ဆိုင်းရန် သမ္မတထရမ့်ပ် ညွှန်ကြား
DVB
·
February 19, 2025
ဘိုင်ဒင်လက်ထက်က အစိုးရရှေ့နေအားလုံးကို ရာထူးက ရပ်ဆိုင်းရန် သမ္မတထရမ့်ပ် ညွှန်ကြား
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်က အမေရိကန် အစိုးရရှေ့နေတွေ အားလုံးကို ရာထူးကနေ ရပ်စဲဖို့ တရားရေးဌာနကို ညွှန်ကြားထားတယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

တရားရေးဌာနဟာ ဘယ်တုန်းကနဲ့မှ မတူဘဲ နိုင်ငံရေးဆန်တယ်လို့ ထရမ့်ပ်က အခိုင်အမာ ပြောခဲ့ပါတယ်။

“ကျနော်တို့က ‘အိမ်သန့်ရှင်းရေး’ ကို ချက်ချင်းလုပ်ရမှာဖြစ်ပြီး ယုံကြည်မှုပြန်ရဖို့ လုပ်တယ်၊ အမေရိကန်ရဲ့ ရွှေခေတ်မှာ တရားမျှတတဲ့ တရားစီရင်ရေးစနစ် ရှိရမယ်၊ အဲဒီစနစ်ကို ဒီနေ့ စတင်လိုက်တယ်” လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒီအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ တရားရေးဌာနက ချက်ချင်း မတုံ့ပြန်ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်က အိမ်ဖြူတော်ဟာ ဒီမိုကရက်တစ်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ခန့်အပ်ခဲ့တဲ့ နိုင်ငံတဝန်းက အမေရိကန် အစိုးရရှေ့နေတွေဆီ ရာထူးရပ်စဲကြောင်း သတိပေးချက် ပေးပို့ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ သမ္မတဘိုင်ဒင် လက်ထက်မှာ ခန့်အပ်ထားတဲ့ အမေရိကန်ရှေ့နေ အများအပြားက သူတို့ ရာထူးကနေ နုတ်ထွက်တဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။

တခြားသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အစိုးရဝန်ထမ်းဘဝကနေ နုတ်ထွက်ခဲ့တာပါ။

သမ္မတ အုပ်ချုပ်ရေး အပြောင်းအလဲ အပြီးမှာ အမေရိကန်ရှေ့နေတွေ ရာထူးကနေ ဆင်းရတာ ထုံးစံဖြစ်ပေမဲ့ ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေး အရာရှိတွေက သူတို့ရဲ့ နုတ်ထွက်စာတွေကို လိုရင်းတိုရှင်း ထုတ်မပေးဘူးလို့  လက်ရှိနဲ့ အငြိမ်းစား တရားရေးဌာန ရှေ့နေတွေက ပြောခဲ့ကြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013