
ပေါ့ပ်အဆိုတော် ရီဟားနားရဲ့ ချစ်သူ ရက်ပ်ပါ အေဆက်ရော့ကီရဲ့ သေနတ်ပစ်ခတ်မှုကို တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ဟောလိဝုဒ်မှာ တခြား ဟစ်ဟော့အဆိုတော်တယောက်နဲ့ စကားများခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ကြီးလေးတဲ့အမှု ၂ ခုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ချိန်မှု၊ သေနတ်နဲ့ ပစ်ခတ်ခဲ့မှုတို့အတွက် ဂရမ်မီဆု ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ အေဆက်ရော့ကီကို သူငယ်ချင်းဟောင်းဖြစ်သူ တီရယ်အပ် ရွန်က တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အေဆက်ရော့ကီကို စွဲထားတဲ့ အမှုကြီး ၂ ခုဟာ ၂၄ နှစ် ထောင်ကျစေတဲ့အမှုတွေ ဖြစ်ပါတယ်။
စွပ်စွဲသူက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ အေဆက်ရော့ကီဟာ သူ့ကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့် လက်ချောင်းကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
ရီဟားနားနဲ့ ရင်းနှီးသူဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်နာ မာယာက အေဆက်ရော့ကီ ပစ်ခဲ့တဲ့ သေနတ်က သေနတ်အတုဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။
အေဆက်ရော့ကီဟာ သေနတ်အတုကို သီချင်းရိုက်ကူးရေးမှာ အသုံးပြုတာဖြစ်ပြီး ဗလာကျည်နဲ့ ပစ်ရတာဖြစ်ကြောင်း ထွက်ဆိုထားတာပါ။
ရဲတပ်ဖွဲ့ရဲ့ ထွက်ဆိုချက်မှာလည်း အခင်းဖြစ်ပွားတဲ့နေရာမှာ ကျဉ်ဆန်ခွံ မတွေ့ကြောင်း ထွက်ဆိုထားလို့ အေဆက်ရော့ကီရဲ့ ပြစ်ဒဏ်က ပြောင်းလဲခဲ့တာပါ။
Source : Reutes










