DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ် ၁၀၀ ကျော် အဓမ္မစုဆောင်းခံရ
DVB
·
February 18, 2025
ဧရာဝတီတိုင်း၌ စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ် ၁၀၀ ကျော် အဓမ္မစုဆောင်းခံရ
Donate to DVB

ဧရာဝတီတိုင်း၊ မြို့နယ်တချို့မှာ စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် မိအိုဖအိုတွေ လုပ်ကျွေးနေတဲ့ လူငယ်တွေ အပါအဝင် အယောက် ၁၀၀ ကျော်အထိ စုဆောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မအူပင် စတဲ့မြို့နယ်တွေကနေ စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်အယောက် ၁၀၀ ကျော် အဓမ္မ စစ်သားစုဆောင်းခံရပြီး စစ်ကောင်စီရဲ့ ဥပဒေမှာ မိအို၊ ဖအိုတွေကို လုပ်ကျွေးနေတဲ့ လူငယ်တွေကို ယာယီဆိုင်းငံ့ပေးထားမယ်လို့ ဆိုပေမဲ့ မိအို၊ ဖအိုတွေကို လုပ်ကျွေးနေတဲ့ သားယောကျ်ားလေး တယောက်တည်းရှိတဲ့ အိမ်တွေက လူငယ် ၃၄ ယောက်အထိ စုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဘိုကလေးဒေသခံတယောက်က “အတင်းအဓမ္မ စစ်သားစုဆောင်းခံရတာပါ။ ဆင့်ခေါ်တာလည်း မဟုတ်ဘူး၊ မဲနှိုက်တာလည်း မဟုတ်ဘူး၊ ရပ်ကွက်ထဲမှာ ဝင်ဆွဲခဲ့တာ။ ပါးစပ်ကတော့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်တာပေါ့။ ရပ်ကွက်ထဲ အိမ်ပေါ်အထိ တက်ဆွဲတာ။ သက်ကြီးပိုင်း အဖေ အမေတွေကို လုပ်ကျွေးနေတဲ့အိမ်က လူငယ်တွေ ပါသွားတာ” လို့ ပြောပါတယ်။

အဲဒီလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး အဓမ္မ စစ်သားစုဆောင်းခဲ့တာဖြစ်ပြီး ပုသိမ်မြို့မှာရှိတဲ့ စစ်တိုင်းရုံးနဲ့ ရန်ကုန် စစ်သင်တန်းကျောင်းတွေကို ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အခြေစိုက်တပ်တွေမှာ ယာယီ စုဆောင်းထားပြီး စစ်သင်တန်းတက်ဖို့ ပို့လိုက်ပါပြီ။ စစ်မှုထမ်းဥပဒေနဲ့ ညီမညီဆိုတာထက် စစ်မှုထမ်းတပ်သားသစ်တယောက် ရဖို့ပဲ အားစိုက်လုပ်နေရပါ။ စုဆောင်းခံရသူတွေကို ဆေးဘုတ်အဖွဲ့က ကျန်းမာရေးနဲ့ ကျန်တဲ့အချက်အလက်တွေကို စစ်ဆေးတဲ့အခါ တော်တန်ရုံလောက်ပဲ စစ်တာပါ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုထဲ မဝင်ချင်တာကြောင့် တိမ်းရှောင်တဲ့ လူငယ်တွေ များလာလို့ ပုသိမ် အပါအဝင် မြို့နယ်အများစုမှာ စစ်ကောင်စီတပ်သားတွေက ဒီရက်ပိုင်းအတွင်း အရပ်ဝတ်တွေဝတ်ပြီး အိမ်စီးကားတွေ အသုံးပြုပြီး စစ်မှုထမ်းဖို့ အတင်းအဓမ္မ လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013