
ဆာလ်ဗေဒေါရန်းအာဏာပိုင်တွေဟာ ဒေါ်လာ ၄၄ ဒသမ ၈ သန်းတန်ဖိုးရှိ ကိုကင်း ၁ ဒသမ ၇ မက်ထရစ်တန်ကို သယ်ဆောင်လာတဲ့ အီကွေဒေါနိုင်ငံသား ၃ ဦးကို ဖေဖော်ဝါရီ ၇ ရက်က ကြားဖြတ် ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
လုံခြုံရေးအစိုးရအဖွဲ့မှ ထုတ်ပြန်တဲ့ ကြေညာချက်အရ အဲဒီမူးယစ်ဆေးဝါးတွေကို အမျိုးသား ရေတပ်ရဲ့ ရေတပ်တာဝန်တပ်ဖွဲ့ဟာ ကမ်းရိုးတန်းကနေ ရေမိုင် ၅၁၅ မိုင်အကွာမှာ သိမ်းဆည်း ရမိခဲ့တာ ဖြစ်ပါတယ်။
ဆာလ်ဗေဒေါရန်း အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ဒေါ်လာ ၄၄ ဒသမ ၈ သန်း တန်ကြေးရှိတဲ့ ကိုကင်း ၁,၇၉၅ ကီလိုဂရမ်ကို သယ်ဆောင်လာသူ ၃ ဦးကို ဖမ်းဆီးထားပြီး သူတို့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အမျိုးသားကာကွယ်ရေးဝန်ကြီး၊ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ရီနီဖှရန်စစ် မယ်ရီနိုမွန်ရွိုင်းရဲ့ အဆိုအရ ၂၀၂၄ ခုနှစ် တနှစ်လုံးနဲ့ ၂၀၂၅ ခုနှစ် လက်ရှိ လပိုင်းအထိ အလ်ဆာဗေးဒေါမှာ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးမျိုးစုံ ၂၄ ဒသမ ၄ တန် ရှိကြောင်း သိရပါတယ်။
Source-Reuters










