DVB Logo
Home
မြန်မာသတင်း
တပ်မ ၉၉ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA ဖမ်းမိ
DVB
·
February 11, 2025
တပ်မ ၉၉ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA ဖမ်းမိ
Donate to DVB

မကွေး-ရခိုင် အစပ်မှာရှိတဲ့ ကံမြင့်ကန်နဲ့ ဂုတ်စည်းရိုးတိုက်ပွဲအတွင်းမှာ အမှတ် ၉၉ ခြေလျင်တပ်မရဲ့ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို အာရက္ခတပ်တော် (AA) က အရှင်ဖမ်းဆီးရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ပွိင့် ၁၃၉၉ စခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်စဥ်မှာ ဒဏ်ရာနဲ့အတူ အရှင်ဖမ်းဆီးခံခဲ့ရတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“သူဦးဆောင်တဲ့ စစ်ကြောင်းက ဇန်နဝါရီ ၁၂ ရက်ကတည်းက ကံမြင့်ကန်စခန်းဘက်ကို ရောက်နေတာ။ သူတို့က ကိုင်းငုန်းမှာ အခြေချထားတာဖြစ်ပြီး AA က တိုက်ခိုက်တာခံရပြီး ပွိင့် ၁၄၅၅ စခန်း၊ ဂုတ်စည်း၊ ဂုတ်ကြီးတို့ကို တဆင့်ချင်း တပ်ဆုတ်ခဲ့ရပြီး ပွိင့် ၁၃၉၉ မှာ နည်းဗျူဟာမှူး ကျော်ကျော်သက်ကို ခြေထောက်ဒဏ်ရာနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို အရှင်ဖမ်းဆီးရခဲ့တာ။”

လက်ရှိမှာ ဖမ်းဆီးရခဲ့တဲ့ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA က ဆေးကုသပေးထားပြီး သူတို့စစ်ကြောင်းမှာ အင်အား ၃၆၀ ကျော် ပါရှိရာကနေ လက်ရှိမှာ ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန်မြင့်ကန်တပ်စခန်းနဲ့ ဂုတ်စည်းစခန်းတွေကို အာရက္ခတပ်တော်က ဇန်နဝါရီ လကုန်ပိုင်းကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီက တပ်မ ၉၉ အပါအဝင် လက်အောက်ခံတပ်ရင်းတွေ၊ ကပစ အခြေစိုက် တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း နတ်ရေကန်ဗျူဟာနဲ့ ကံမြင့်ကန်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ရခိုင်နဲ့ မကွေးအစပ် ရိုးမတောင်တန်းပေါ်မှာ ဇန်နဝါရီလကတည်းက စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး မကွေးဘက်အခြမ်းမှာ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေကို မကွေးအခြေစိုက် တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေကြပါတယ်။

အာရက္ခတပ်တော်က ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို သိမ်းပိုက်လိုက်ပြီးနောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013