
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ၂ ယောက်ထက်ပိုပြီး ဂိုးသွင်းယူထားတဲ့ ကွင်းလယ်လူ မက်တွန်နီနေးကို မီဒီယာတွေနဲ့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။
စကော့တလန် ကွင်းလယ်ကစားသမားဟာ မန်ယူအသင်းမှာ နှစ်ပေါင်း ၂၀ ကျော် ကစားခဲ့သူဖြစ်ပြီး မနှစ်ကရာသီက အီတလီကလပ် နာပိုလီအသင်းဆီ ပြောင်းရွှေ့ ကစားခဲ့တာပါ။
တွန်မီနေးဟာ အသင်းသစ် နာပိုလီမှာ စွမ်းဆောင်ရည်ကောင်း ပြသနေပြီး စီးရီးအေ ၂၁ ပွဲမှာ ၆ ဂိုးသွင်း ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။
ဒီအရေအတွက်ဟာ မန်ယူတိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ဇက်ခ်ဇီးနဲ့ ဟွိက်လန်းတို့ ၂ ယောက်ပေါင်း သွင်းဂိုးထက် တဂိုးပိုသွင်းထားတာဖြစ်ပြီး တွန်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူအသင်းဟာလည်း လှောင်ပြောင်ခံနေရပါတယ်။
ဇက်ခ်ဇီးနဲ့ ဟွိက်လန်းတို့ဟာ ပရီးမီးယားလိဂ်မှာ ၂ ယောက်ပေါင်း ၅ ဂိုးသာ ရရှိထားပြီး အကောင်းဆုံးစွမ်းဆောင်ရည်ရရှိဖို့ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။