DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အကူအညီ ဖြတ်တောက်မှု ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှု ဖြစ်စေနိုင်
DVB
·
February 7, 2025
အမေရိကန် အကူအညီ ဖြတ်တောက်မှု ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်မှု ဖြစ်စေနိုင်
Donate to DVB

ထရမ့်ပ် အစိုးရအဖွဲ့က အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေ လျှော့ချတာနဲ့ ပြန်ပြုပြင်တာတွေက ကမ္ဘာလုံးဆိုင်ရာစနစ်ကို ရှုပ်ထွေးစေပြီး ငတ်မွတ်မှုကို ဖြစ်စေနိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကမ္ဘာလုံးဆိုင်ရာစနစ်က ငတ်မွတ်ခေါင်းပါးမှုတွေကို တွန်းလှန်ကာကွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ထရမ့်ပ် သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်မယူခင်အချိန်ကတောင် တိုးတက်လာတဲ့ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အမေရိကန်က နိုင်ငံခြားအကူအညီတွေ ရုတ်တရက် ဖြတ်တောက်ခြင်းက နိုင်ငံတကာ ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးနဲ့ အကူအညီပေးရေးအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။

ထရမ့်ပ်က ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေ အားလုံးကို ရပ်တန့်ထားပြီး ရက်ပေါင်း ၉၀ ပြန်လည်သုံးသပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အရေးပေါ် အစားအသောက်ကူညီမှုကို ခြွင်းချက်အနေနဲ့ ဆက်ပြီး ထားမှာဖြစ်ကြောင်း ပြောထားပါတယ်။

ဒါပေမဲ့ အရေးပေါ်ကယ်ဆယ်မှုအများစုကို ယာယီရပ်နားထားပြီး လူသားချင်းစာနာမှု အဖွဲ့များဟာ ဘယ်လိုအစီအစဉ်တွေကို ကယ်တင်မှု ပြုလုပ်ရမလဲ ဆိုတာကို ဆွေးနွေးနေဆဲပါ။

ဒီပြဿနာ စတင်ခဲ့တာက ထရမ့်ပ်ဟာ အမေရိကန်ရဲ့ အဓိက ကယ်ဆယ်ရေးအေဂျင်စီဖြစ်တဲ့ USAID ကို ရပ်ဆိုင်းခဲ့တာကြောင့်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။

ဒီအချိန်မှာ မက်ထရစ်တန် ၅၀၀,၀၀၀ လောက်ရှိတဲ့ ဒေါ်လာသန်း ၃၄၀ တန်ကြေးရှိ အစားအသောက်တွေဟာ ဟိုမရောက် ဒီမရောက်နဲ့ ကျန်ရှိနေပါတယ်။ လူသားချင်းစာနာမှု အဖွဲ့တွေက အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရပါတယ်။

အမေရိကန်က အစားအသောက်ဝယ်ယူဖို့နဲ့ အခြားလိုအပ်ချက်တွေ သုံးဖို့ ဆူဒန်နဲ့ ဂါဇာမှာရှိတဲ့ လူတွေကို ငွေကြေးထောက်ပံ့နေမှုလည်း ရပ်ဆိုင်းထားပါတယ်။

ဆူဒန်မှာ အမေရိကန်က အကူအညီပေးထားတဲ့ မီးဖိုချောင်အကူအညီလည်း အဲဒီအထဲမှာ ပါဝင်နေပါတယ်။

လူသားချင်းစာနာမှုအဖွဲ့တွေက အရေးပေါ် အစားအသောက် ထောက်ပံ့မှုအတွက် အခက်ကြုံနေရပါတယ်။ ဒီအဖွဲ့အစည်းမှာ ဘယ်လိုအစီအစဉ်တွေကို ဆက်ပြီး ခွင့်ပြုထားသလဲဆိုတဲ့ မေးခွန်းကိုလည်း ဖြေကြားမှုမရှိပါဘူး။

ငတ်မွတ်မှုကို ကာကွယ်ဖို့ သတိပေးစနစ် ထုတ်ပြန်တဲ့ အဖွဲ့ကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒါက ဘယ်နေရာမှာ ဘယ်လိုအခက်အခဲတွေ ဖြစ်နေတယ် ဆိုတာမျိုး အကူအညီပေးမယ့် အဖွဲ့တွေက မသိတော့ဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013