
အာဂျင်တီးနားနိုင်ငံမြို့တော် ဗြူနိုအေးရိစ်မှာရှိတဲ့ မြစ်တစင်းဟာ ဖေဖော်ဝါရီ ၆ ရက်က အကြောင်းအရင်း မသိရဘဲ သွေးအနီရောင်ကို ပြောင်းလဲပြီး ညစ်ညမ်းမှု ဖြစ်ပေါ် နေပါတယ်။
မြစ်တခုလုံး အနီရောင်ပြောင်းလဲနေတာက အဆိပ်ရေ တမျိုးမျိုး မြစ်အတွင်းကို ရောက်နေတာလို့ သံသယဖြစ်ရကြောင်း ဒေသခံတွေကို သတိပေးထားပါတယ်။
အာဏာပိုင်တွေက မြစ်ထဲက ရေနမူနာတွေစုဆောင်ပြီး ဘာ့ကြောင့်အရောင်ပြောင်းလဲဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။
အဲ့ဒီသွေးရောင် ပြောင်းနေတဲ့ မြစ်ဟာ ရေးဗားပလိပ်လို့ လူသိများတဲ့ ရီယိုဒီလာပလာတာမြစ်ထဲကို စီးဝင်နေတယ်လို့ ဖော်ပြပါတယ်။
ဒေသခံတွေကတော့ မြစ်ရေ အနီရောင်ပြောင်းလဲသွားတာက အနီးအနားမှာရှိတဲ့ ကုန်ရုံတွေက ဓာတု စွန့်ပစ်ပစ္စည်းတွေကြောင့်လို့ ထင်မြင်ကြပါတယ်။
ဒါ့အပြင် ကျောက်မီးသွေးထွက်ကုန် တမျိုးဖြစ်တဲ့ ဆေးဆိုးရာမှာအသုံးပြုတဲ့ ပစ္စည်းကြောင့်လို့ လည်း ထင်ကြေးပေးကြပါတယ်။
ဗြူနိုအေးရိပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြစ်ရေ အနီရောင်ပြောင်းလဲတာကို စည်ပင် အဖွဲ့နဲ့ စုံစမ်းမှုပြုလုပ်နေကြောင်း၊ အစောပိုင်းလေ့လာမှုတွေအရတော့ မြစ်ရေ အနီရောင် ပြောင်းလဲ ခဲ့ပေမဲ့ အဆိပ်အဖြစ် ပြောင်းလဲတာ မကြားကြောင်း ပြောဆိုထားပါတယ်။
Source-Reuters










