DVB Logo
Home
အားကစား
ဘရာဇီးနှင့် ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း မာဆယ်လို ကစားသမားဘဝမှ အနားယူ
DVB
·
February 7, 2025
ဘရာဇီးနှင့် ရီးရဲလ်မက်ဒရစ် နောက်ခံလူဟောင်း မာဆယ်လို ကစားသမားဘဝမှ အနားယူ
Donate to DVB

ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း မယ်ဆယ်လိုဟာ အသက် ၃၆ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားပါတယ်။ 

၂၀၂၃ ခုနှစ်က မွေးရပ်မြေကလပ် ဖလူမင်နိစ် အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တဲ့ ဘယ်နောက်ခံလူဟာ ဘရာဇီးလိဂ်မှာ ၂ ရာသီပြန် ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

မက်ဒရစ်အသင်းမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့တဲ့ မာဆယ်လိုဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ် အပါအဝင်စုစုပေါင်း ဆုဖလား ၂၅ လုံးရယူနိုင်ခဲ့သူပါ။

ဘရာဇီးအသင်းအတွက်လည်း  ၅၈ ပွဲ ကစားခဲ့တဲ့ မာဆယ်လိုဟာ ကစားသမားဘဝတလျှောက် ဆုဖလား ၂၈ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

ဘောလုံးအပေါ် ချစ်မြတ်နိုးစိတ်က အဘိုးဖြစ်သူဆီကနေ ရရှိခဲ့ပြီး ဘောလုံးသမားဖြစ်လာဖို့ အရာအားလုံး ကူညီပေးခဲ့သူဖြစ်ကြောင်း၊ မက်ဒရစ်သားတယောက် အဖြစ် ဂုဏ်ယူစွာ ပြောဆိုနိုင်တဲ့အပေါ် ဝမ်းမြောက်ကြောင်း၊ ဘရာဇီးအသင်းအတွက် ကိုယ်စားပြုကစားခဲ့ရတဲ့ အပေါ် ဂုဏ်ယူမိကြောင်း မာဆယ်လိုက ပြောပါတယ်။

ကစားသမားဘဝအဆုံးသတ်သွားပြီဖြစ်ပေမဲ့ ဘောလုံးအပေါ် ပေးဆပ်သွားစရာ တွေအများကြီး ရှိသေးကြောင်း မာဆယ်လိုက ပြောသွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013