
လီဗာပူးအသင်းကို တာဝန်ယူတဲ့ ပထမဆုံးရာသီမှာပဲ လိဂ်ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနည်းပြစလော့က ပြောပါတယ်။
ဇန်နဝါရီ ၇ ရက် ဒီကနေ့မနက်က ကစားသွားတဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လီဗာပူးက စပါးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။
အသင်းနဲ့ ပထမဆုံးဘောလုံးရာသီမှာပဲ ဆုဖလားနဲ့ လက်တကမ်းအကွာရောက်ရှိခဲ့တဲ့အပေါ် ကျေနပ်ဝမ်းသာပြီး သမိုင်းဝင် ဝင်ဘလေကွင်းမှာ ဆုဖလားကိုင်မြှောက်နိုင်မယ်ဆိုရင် ထူးခြား တဲ့ခံစားချက်ရရှိလိမ့်မယ်လို့ နည်းပြအာနဲစလော့က ပြောပါတယ်။
အသင်းသားတွေရဲ့ နေ့စဉ်နေ့တိုင်း မဆုတ်မနစ်ကြိုးစားမှုတွေက အဆုံးသတ်မှာ အခုလို ဗိုလ်လုပွဲစဉ်တွေ ကစားခွင့်ရဖို့ဖြစ်ကြောင်း၊ ဗိုလ်လုပွဲမှာတွေ့ရမယ့် နယူးကာဆယ်အသင်းက အကောင်းဆုံး စွမ်းဆောင်ရည်ရရှိနေတဲ့အသင်းဖြစ်လို့ ခက်ခဲနိုင်ကြောင်း နည်းပြစလော့ကပြော ပါတယ်။
Photo: Reuters











