DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ အသက်မပြည့်သေးသည့် လူငယ်များ အပါအဝင် ၃၀၀ ကျော် စစ်မှုထမ်းရန် စုဆောင်း
DVB
·
February 5, 2025
ဧရာဝတီတိုင်း၌ အသက်မပြည့်သေးသည့် လူငယ်များ အပါအဝင် ၃၀၀ ကျော် စစ်မှုထမ်းရန် စုဆောင်း
Donate to DVB

စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၉ အတွက် ဧရာဝတီတိုင်းကနေ အသက်မပြည့်သေးတဲ့ လူငယ်တွေ အပါအဝင် လူအယောက် ၃၀၀ ကျော် စုဆောင်းခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် အသက် ၁၆ နှစ်အောက် ၃၃ ယောက်နဲ့ အသက် ၁၇ နှစ်အောက် ၄၃ ယောက် အပါအဝင် အရပ်သား လူငယ် အယောက် ၃၀၀ ကျော်အထိ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အပတ်စဉ် ၉ အတွက် စုဆောင်းခံရတာ ၃၀၀ ကျော်လောက်အထိ ရှိမယ်။ စစ်ကောင်စီဘက်က ကြေညာထားတဲ့အတိုင်း အသက်၊ ကိုယ်လက်အင်္ဂါ၊ ကျန်းမာရေး၊ အရပ် တချက်တောင်မစစ်ဆေးပါဘူး။ အကုန် လျှောက်စုဆောင်းခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် တပ်သားအဖြစ် စုဆောင်းခံရတဲ့ အယောက် ၃၀၀ ကျော်ထဲမှာ နှလုံး၊ ကျောက်ကပ်၊ ဆီးချို၊ ဆီးရောဂါနဲ့ အစာအိမ်ရောဂါရှိတဲ့ ကျန်းမာရေး အဆင့်မမီသူ လူငယ်တွေပါ စစ်ကောင်စီက တပ်သားအဖြစ် ထည့်သွင်းစုဆောင်းခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်း စုဆောင်းခံရတဲ့ မိသားစုဝင်တယောက်က “သားလေးက အစာအိမ်ရောဂါရှိလို့ လစဉ် ဆေးပြနေရတာ။ အပတ်စဉ် ၉ အတွက် စစ်မှုထမ်းခေါ်တော့ ဆေးပြထားတဲ့ စာရွက်မှတ်တမ်းတွေ တင်ပြတာတောင် မရဘူး။ ဒီလောက်နဲ့ ဘာမှမဖြစ်ဘူးလို့ ပြောတာ။ သူတို့စစ်ရှုံးတာနဲ့ အရပ်သားတွေကို မဲနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်း တပ်သားတွေကို ရှေ့တန်းစစ်မြေပြင် မပို့ဘူးလို့ဆိုပြီး စစ်မှုထမ်း စတင်စုဆောင်းခဲ့ပေမဲ့ တကယ်မြေပြင်မှာ စစ်မှုထမ်း တပ်သားတွေကိုပဲ ဦးစားပေး ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပို့ဆောင်ခံနေရသလို အသေအပျောက်တွေ များနေတယ်လို့ ဆိုပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ပွဲဖြစ်တဲ့အခါ မတရား စစ်မှုထမ်းဖို့ စုဆောင်းခံရသူလား၊ မူလကတည်းကရှိတဲ့ စစ်သားလားဆိုတာ ခွဲခြားဖို့ ခက်ခဲတာကြောင့် အခြေအနေ အရပ်ရပ်ကို ကြည့်ပြီး ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့၊ အလံဖြူထောင် လက်နက်ချဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းထားပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်တယ်ဆိုပြီး စစ်ကောင်စီက ပြန်လည်အသက်သွင်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခဲ့ပြီး အခုဆိုရင် အပတ်စဉ် ၉ အထိ ရောက်ရှိလာ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013