DVB Logo
Home
နိုင်ငံတကာ
AI ကို လက်နက်အဖြစ် အသုံးမပြု ဆိုသည့်ကတိကို Google ပြောင်းလဲ 
DVB
·
February 5, 2025
AI ကို လက်နက်အဖြစ် အသုံးမပြု ဆိုသည့်ကတိကို Google ပြောင်းလဲ 
Donate to DVB

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ AI နည်းပညာကို လက်နက်အဖြစ် ဘယ်တော့မှ အသုံးမပြုဘူးဆိုတဲ့ ကတိကို ပြောင်းလဲခဲ့ပါတယ်။

AI ကိုသုံးပြီး လက်နက်တွေ ဖွံ့ဖြိုးတိုးတက်အောင်နဲ့ စောင့်ကြည့်ရေးကိရိယာတခုအဖြစ် ဘယ်တော့မှ အသုံးပြုမှာ မဟုတ်ဘူးလို့ Alphabet က ကတိပြုခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ Alphabet က AI အသုံးပြုမှု မူလအခြေခံဂိုက်လိုင်းတွေကို ပြန်လည်ပြင်ဆင် ရေးသားနေပါတယ်။

အဲဒီအထဲမှာ AI ကို တခြားသူကို ထိခိုက်စေတဲ့ လက်နက်တခုအဖြစ် အသုံးမပြုဘူးဆိုတဲ့ အချက်ကို ဖြုတ်ချထားခဲ့တာ ဖြစ်ပါတယ်။

AI lab Google DeepMind ကို ဒုဥက္ကဋ္ဌ ဂျိမ်းမန်ယီကာနဲ့ ဟာဆာဘစ်တို့က ဦးဆောင်နေတာ ဖြစ်ပြီး သူတို့ရဲ့ မူလရည်ရွယ်ချက် ပြောင်းခဲ့ပုံကို ကာကွယ်ခဲ့ပါတယ်။

သူတို့ဟာ အမျိုးသားလုံခြုံရေးကို ပံ့ပိုးဖို့ စီးပွားရေးနဲ့ ဒီမိုကရက်တစ်အစိုးရအဖွဲ့ဟာ AI ပေါ်မှာ အလုပ်တွေ အတူလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

AI နည်းပညာနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြားမှာ ကျယ်ပြန့်တဲ့ အုပ်ချုပ်မှုတွေ ပြုလုပ်သင့်တယ်ဆိုတဲ့ ငြင်းခုံမှုတွေ ရှိနေပါတယ်။

လူသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ ဘယ်လောက်ပမာဏအထိ ထိန်းချုပ်ပေးမလဲ ဆိုတာက အဓိကဆွေးနွေးစရာ ဖြစ်နေပါတယ်။

AI ကို အသုံးပြုခြင်းနဲ့ စောင့်ကြည့်ရေးနည်းစနစ်တွေကလည်း အငြင်းပွားစရာအဖြစ် ရှိနေပါတယ်။

Alphabet ကုမ္ပဏီရဲ့ ၂၀၁၈ ခုနှစ် AI အသုံးပြုရေး စည်းမျည်းတွေကို အသစ် ပြန်လည်ပြောင်းလဲဖို့ လိုအပ်နေပြီလို Google ရဲ့ ဘလော့ပို့စ်မှာ ဖော်ပြပါတယ်။

အဲဒီဘလော့ပို့စ်ဟာ Alphabet ရဲ့ နှစ်ချုပ်ဘဏ္ဍာရေး မထုတ်ပြန်မီမှာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ချုပ်ဘဏ္ဍာရေးစာရင်းကလည်း မျှော်မှန်းထားတာထက် နည်းပါးခဲ့ပြီး ရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့ပါတယ်။

Google ဟာ ဒစ်ဂျစ်တယ်ကြော်ငြာမှုမှာ ၁၀ ရာခိုင်နှုန်း တိုးခဲ့တာကလည်း အမေရိကန် ရွေးကောက်ပွဲအတွက် ငွေတွေသုံးကြတာကြောင့် ဖြစ်ပါတယ်။

စာရင်းဖော်ပြချက်အရ ဒီနှစ်အတွင်း AI ပရောဂျက်အတွက် ဒေါ်လာ ၇၅ ဘီလီယံ အသုံးပြုမယ်လို့ Wall Street သုံးသပ်သူတွေက မျှော်လင့်ထားပါတယ်။

Alphabet ဟာ AI၊  AI သုတေသနနဲ့ ရှာဖွေရေးတွေမှာ အသုံးပြုဖို့ ရင်းနှီးမြှုပ်နှံနေပါတယ်။

Google ကို စတင်တည်ထောင်တဲ့ အချိန်က ဆာဂျီဘရင်နဲ့ လယ်ရီပေ့တို့ ၂ ယောက်က သူတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “မကောင်းတာ မလုပ်ဘူး” ဆောင်ပုဒ်ကို လက်ကိုင်ထားပါတယ်။

၂၀၁၅ ခုနှစ်မှာ Alphabet လို့ ကုမ္ပဏီနာမည်ပြောင်းလဲခဲ့ပြီးနောက်မှာ “မှန်တဲ့အရာတွေကို လုပ်ဆောင်မယ်” ဆိုတဲ့ ဆောင်ပုဒ်ကို ပြောင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က Google ဟာ ပင်တဂွန်နဲ့ အတူတွဲပြီး လုပ်ဆောင်မှုကို အလုပ်သမားတွေရဲ့ လက်မှတ်ထိုး တောင်းဆိုမှုကြောင့် စာချုပ်သစ်မချုပ်ဘဲ ရပ်ဆိုင်းခဲ့ပါတယ်။

Project Maven ဟာ AI ကိုသုံးပြီး သေစေတဲ့ ရည်ရွက်ချက်တွေ ပြုလုပ်မှာကို သူတို့က စိုးရိမ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013