DVB Logo
Home
အားကစား
အပြောင်းအရွှေ့တွင် ငွေသုံးအများဆုံးအသင်းအဖြစ်  ဘရိုက်တန် ရပ်တည် 
DVB
·
February 5, 2025
အပြောင်းအရွှေ့တွင် ငွေသုံးအများဆုံးအသင်းအဖြစ်  ဘရိုက်တန် ရပ်တည် 
Donate to DVB

၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အပြောင်းအရွှေ့အတွက် ငွေကြေးအများဆုံးအသုံးပြုတဲ့အသင်း အဖြစ် ဘရိုက်တန်အသင်းက အံ့အားသင့်ဖွယ်ရပ်တည်နေပါတယ်။

အခုနှစ်ရာသီ နွေရာသီ အပြောင်းအရွှေ့နဲ့ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက် ၂ ခုမှာ ဘရိုက်တန်အသင်းက ထိပ်တန်းအသင်းတွေထက်ပိုပြီး ငွေကြေးအသုံးပြုခဲ့တာပါ။

ဘရိုက်တန်အသင်းဟာ အခုနှစ်ရာသီအတွင်း ကစားသမားသစ် ၂၅ ယောက် အထိခေါ်ယူခဲ့ပြီး စုစုပေါင်း စတာလင်ပေါင် ၂၃၁ သန်းအထိ အသုံးပြုခဲ့တာပါ။

နွေရာသီအပြောင်း အရွှေ့တုန်းက လိဒ်ယူနိုက်တက်တိုက်စစ်မှူး ရက်တာကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူခဲ့သလို ဖီနာဘာချီက တူရကီနောက်ခံလူ ကာဒီရိုဂလူ၊ ဆဲလ်တစ်က ဒိန်းမတ်ကွင်းလယ်လူ မက်သရူးအိုရီလေးနဲ့ မိန့်ဇ်အသင်းက ဂျာမန်တိုက်စစ် ကစားသမားဘရာဂျန်ဂရူဒါ အစရှိတဲ့ မထင်မရှားကစားသမားတွေကိုလည်း ခေါ်ယူအားဖြည့်ခဲ့တာပါ။

ဘရိုက်တန်ရဲ့နောက်မှာ မန်ယူအသင်းက ပေါင် ၂၀၂  ဒသမ ၁သန်းနဲ့ ဒုတိယ၊ မန်စီးတီးက ၂၀၀ ဒသမ ၈သန်းနဲ့ တတိယ၊ ချဲလ်ဆီးက ၁၉၆ ဒသမ ၇သန်းနဲ့ စတုတ္ထနေရာတွေမှာ အသီးအသီး ရပ်တည်ခဲ့ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013