DVB Logo
Home
မြန်မာသတင်း
အနန်းကွင်းစစ်ရှောင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
February 1, 2025
အနန်းကွင်းစစ်ရှောင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
Donate to DVB

သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်း စစ်ရှောင်ကျေးရွာကို ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီမှာ  စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “စစ်ကောင်စီက နယ်မြေဝင်ရှင်းရင်း မီးရှို့လိုက်တာ။ မီးရှို့တာ နေအိမ် အလုံး ၂၀ ကျော်တယ်။ စစ်ကောင်စီက မထင်ရင်မထင်သလို ဝင်ရောက်မီးရှို့နေကျပဲ။ အရင်က စခန်းနားကအိမ်တွေကို မီးရှို့ထားတာ ကုန်သွားပြီ”လို့ ပြောပါတယ်။

အနန်းကွင်းကျေးရွာကပြည်သူတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ အနန်းကွင်းဗျူဟာ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ထွက်ပြေးနေရပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်ကလည်း “အဲဒီလိုဝင်ပြီး မီးရှို့တယ်ဆိုရင်တော့ တဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းရယူမှု၊ သတင်းပေးပို့မှု ချိတ်ဆက်မှုပိုင်းဆိုင်ရာအားနည်းလို့ စစ်ကောင်စီကဝင်လို့ ပေါက်သွားတာမျိုးဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ BGF၊ KNU/KNLA(PC) ဝတ်စုံတွေကိုဝတ်ပြီး ဟိုက်ဂျက်၊ အိမ်စီး VOGO ကားတွေနဲ့ ပုံမှားရိုက်ပြီး ဝင်ထွက်သွားလာတာတွေကြောင့် ပြဿနာရှိလာနိုင်ပြီး တော်လှန်ရေးအဖွဲ့တွေဘက်က လုံခြုံရေးကိုဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဝဏ္ဏလှိုင်ဟာ တာဝန်ပြီးဆုံးလို့ပြန်ရမှာဖြစ်ပေမယ့် KNLA ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်းပိတ်ဆို့ခံထားတာကြောင့် စခန်းအတွင်းကထွက်ခွင့်မရဘူးလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013