DVB Logo
Home
အားကစား
ယူရိုပါလိဂ်တွင် ၅ ပွဲဆက် အနိုင်ရလဒ်နှင့်အတူ မန်ယူအသင်း ၁၆ သင်းအဆင့် တက်ရောက်
DVB
·
January 31, 2025
ယူရိုပါလိဂ်တွင် ၅ ပွဲဆက် အနိုင်ရလဒ်နှင့်အတူ မန်ယူအသင်း ၁၆ သင်းအဆင့် တက်ရောက်
Donate to DVB

ဇန်နဝါရီ ၃၁ ရက် ဒီမနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ရိုမေးနီးယားကလပ် FCSB ကို (၂-၀) ဂိုးနဲ့  အနိုင်ရပြီး ၅ ပွဲဆက်နိုင်ပွဲနဲ့အတူ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အဝေးကွင်းပွဲစဉ်မှာ ဒါလော့နဲ့ မိန်နူးတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယူရိုပါလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကနေ ၁၆ သင်းအဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

မန်ယူအသင်းဟာ ယူရိုပါလိဂ်ကစားခဲ့တဲ့ ၈ ပွဲမှာ ၅ ပွဲနိုင် ၃ ပွဲ သရေကျခဲ့ပြီး ရှုံးပွဲမရှိ စွမ်းဆောင်ရည်နဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

၁၆ သင်းအဆင့်မှာတော့ မန်ယူအသင်းက အဆင့် ၁၃ နေရာက ဆိုစီဒက်၊ အဆင့် ၁၄ နေရာက ဂါလာတာစာရေး၊ အဆင့် ၁၉ နေရာကအေဇက်အယ်ခ်မာ၊ အဆင့် ၂၀ နေရာက မစ်ဂျီလန်း အသင်းတွေထဲက တသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က တခြားအသင်းတွေထဲမှာ စပါးအသင်းကလည်း အဆင့် ၄ နေရာကနေ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013