DVB Logo
Home
နိုင်ငံတကာ
ရှီကာဂိုတွင် ရာဇဝတ်ဂိုဏ်းနှင့်ဆက်နွှယ်သည့် ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီး
DVB
·
January 30, 2025
ရှီကာဂိုတွင် ရာဇဝတ်ဂိုဏ်းနှင့်ဆက်နွှယ်သည့် ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီး
Donate to DVB

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ကြပ်မတ်ရေး (ICE) အေးဂျင့်တွေဟာ ချီကာဂိုမြို့ အဆောက်အအုံကို ဇန်နဝါရီ ၂၆ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်း ထရန်ဒီ အာရဂွါနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၀ ရက်က စတင်တာဝန်ယူခဲ့တဲ့ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အမေရိကန် ဥပဒေရဲ့ ရည်ရွယ်ချက်ကို ကျော်လွန်သွားပြီးတော့ တရားမဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်။

တပတ်ကျော်ကျော်လောက်ပဲ ရုံးတက်ရသေးတဲ့ ထရမ့်ပ်ဟာ ရာဇ၀တ်သား မဟုတ်သူတွေကို ဖမ်းဆီးမှုကို ကန့်သတ်ထားတဲ့ ဘိုင်ဒင် လက်ထက်က လမ်းညွှန်ချက်တွေကို နောက်ကြောင်းပြန်ဆုတ်လိုက်ကာ တခြား ဖက်ဒရယ် ဥပဒေစိုးမိုးရေးအရာရှိတွေကို လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေမှာ ကူညီပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံတွေနဲ့ တခြား အရေးကြီးနေရာတွေမှာ ကန့်သတ်ပြဋ္ဌာန်းထားတဲ့ ဘိုင်ဒင်ရဲ့ မူဝါဒကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ထရမ့်ပ် သမ္မတရာထူး ရယူပြီးကတည်းက အမေရိကန် လဝကနဲ့ အကောက်ခွန်အဖွဲ့ (ICE) ဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို မဖော်ပြထားပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013