DVB Logo
Home
မြန်မာသတင်း
DVB Peacock Film Festival 2024 ဆုရ ရုပ်ရှင်ကားများ ချက်နှင့် နော်ဝေတွင် ပြသမည်
DVB
·
January 30, 2025
DVB Peacock Film Festival 2024 ဆုရ ရုပ်ရှင်ကားများ ချက်နှင့် နော်ဝေတွင် ပြသမည်
Donate to DVB

စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ လူမှုဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ DVB Peacock Film Festival 2024 မှာ ဆုရရှိခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်တွေကို ချက်၊ နော်ဝေနဲ့ အင်္ဂလန် အပါအဝင် နိုင်ငံတကာမှာ ပြသသွားဖို့ ရှိနေပါတယ်။

နိုင်ငံတကာက လွတ်လပ်တဲ့ အကဲဖြတ်တွေ ရွေးချယ်ခဲ့တဲ့ ဆုရ မှတ်တမ်းရုပ်ရှင်ကားတွေကို လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ ချက်သမ္မတနိုင်ငံ၊ ဖေဖော်ဝါရီ ၅ ရက်မှာ နော်ဝေနိုင်ငံ၊ မတ် ၃၁ ရက်မှာ အင်္ဂလန်နိုင်ငံတို့အပြင် ဆွီဒင်၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ဩစတြေးလျ၊ ကနေဒါ၊ ထိုင်းနဲ့ တခြားနိုင်ငံတွေမှာလည်း ပြသဖို့ အစီအစဉ်ရှိပါတယ်။

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တော်၊ ကီနိုအက်တလက်စ်မှာ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီခွဲကနေ ၉ နာရီ ၄၅ အထိ ပြသသွားမှာဖြစ်ပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ  Vega Hjemmekino ရုပ်ရှင်ရုံမှာတော့  ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီ  မှတ်တမ်းရုပ်ရှင်ပြသမှာ ဖြစ်ပါတယ်။

အော်စလိုမှာ ကျင်းပမယ့် ရုပ်ရှင်ပြပွဲမှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးပွဲကိုလည်း ကျင်းပသွားမှာဖြစ်ပြီး ဦးအေးချမ်းနိုင် (DVB အယ်ဒီတာချုပ်)၊ ဦးမောင်မောင်မြင့် (နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်)၊  Kristian Stokke (တက္ကသိုလ်ပါမောက္ခ-အော်စလို)၊ Ingeborg Moa (လူ့အခွင့်အရေးရန်ပုံငွေအဖွဲ့ အကြီးအကဲ) တို့ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန်မှာ ကျင်းပမယ့် ဒီရုပ်ရှင်ပွဲတော်မှာ မြန်မာ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေရဲ့ အခက်အခဲတွေကြားက ခံနိုင်ရည်ရှိရှိ၊ သတ္တိရှိရှိ၊ မချပြဘူးသေးတဲ့  ဇာတ်လမ်းအကြောင်းအရာတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဆုရမှတ်တမ်းရုပ်ရှင်တွေကို လာရောက်ကြည့်ရှုအားပေးကြဖို့ DVB က ဖိတ်ခေါ်လိုက်ရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှု၊ ရှင်သန်မှုနဲ့ မျှော်လင့်ချက်တွေအတွက် ရုန်းကန်တိုက်ပွဲဝင်မှုအကြောင်းတွေကို  ပြသမယ့် ရုပ်ရှင်ပွဲတော်မှာ ပူးပေါင်းပါဝင်ဆင်နွှဲကြဖို့လည်း ပန်ကြားအပ်ပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံက ကြီးမှူးပြုလုပ်တဲ့ DVB Peacock Film Festival 2024 ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့ပြီး  မှတ်တမ်းရုပ်ရှင် ၃၂ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ကျန်တဲ့နိုင်ငံတွေမှာ ကျင်းပမယ့် မှတ်တမ်းရုပ်ရှင်ပြပွဲ နေ့ရက်နဲ့ အချိန်တွေကိုတော့ အတိအကျ သိရတဲ့ အခါမှာထပ်မံ အသိပေးကြေညာသွားမှာဖြစ်ပါတယ်။ 

DVB Peacock Film Festival

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013