DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို  ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်ရှိလာ
DVB
·
January 30, 2025
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို  ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်ရှိလာ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဘက်အကျဆုံးပြည်နယ်တခုဖြစ်တဲ့ အာချေးပြည်နယ်ထဲကို မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာလှေစီးဒုက္ခသည် ၁၀၀ ကျော် ရောက်ရှိလာတဲ့အကြောင်း AP သတင်းမှာ ဇန်နဝါရီ ၂၉ ရက်က ဖော်ပြပါတယ်။

အဆိုပါ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လူမျိုး တုံးသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ခနော်နီခနော်နဲ့ သစ်သားလှေ တစီးနဲ့အတူ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

စက်လှေအင်ဂျင် ပျက်သွားခဲ့ပြီးနောက် အမျိုးသမီးနဲ့ ကလေးသူငယ် အများစု တင်ဆောင်လာတဲ့ လှေဟာ အရှေ့အာချေးခရိုင် ပေရူးလတ်ခ် ရွာအနီးမှာ သောင်တင်သွားခဲ့တယ်လို့ ဒေသဆိုင်ရာရဲချုပ် နိုဗာဆူရန်ဒါရူးက ပြောထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လှေပေါ်ပါသူတွေရဲ့ အထောက်အထား အချက်အလက်တွေကို စုဆောင်းနေတယ်လို့ ပြောပါတယ်။

အဆိုပါလှေဟာ မလေးရှားနိုင်ငံကို သွားဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားကနေ ထွက်ခွာလာခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက အာဏာပိုင်တွေကို ပြောပေမဲ့ လှေမှာ တရားမဝင် လူကုန်ကူးသူတွေ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု သံသယနဲ့ ပျက်စီးနေတာကို တွေ့ရလို့ သူတို့ကို ပင်လယ်ထဲပြန်မပို့နိုင်တော့ ဘူးလို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံထဲကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရားမဝင် ရောက်ရှိလာတဲ့ ရို ဟင်ဂျာဒုက္ခသည် အရေအတွက်တိုးပွားလာခဲ့ကာ လူကုန်ကူးမှု မြင့်တက်လာတာအတွက် အင်ဒိုနီးရှားအစိုးရက အပြစ်တင်ထားသလို လူကုန်ကူးမှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့  ဆူရန်ဒါရူးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း အရှေ့အာချေးပြည်နယ်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိလာခဲ့သလို အခုလအစောပိုင်းတုန်းကလည်းအားနည်းပြီး ဆာလောင်မွတ်သိပ် နေကြတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများစုပါဝင်တဲ့ ဒုက္ခသည်  ၂၆၀ ကျော် ရောက်ရှိခဲ့သေးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာ လူနည်းစုတွေဟာ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရပြီး အများစုမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရသူတွေဖြစ်ကာ ခုလို နိုင်ငံတွင်း ရောက်ရှိလာတဲ့ အကျပ်အတည်းအတွက် ဖြေရှင်းနိုင်ရေး အင်ဒိုနီးရှားနိုင်ငံက နိုင်ငံတကာအသိုက်အဝန်းဆီ အကူအညီတောင်းခံထားပါတယ်။

Source: AP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013