DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်တွင် UWSA ‘ဝ’ တပ်ဖွဲ့က နယ်မြေထပ်မံကျူးကျော်ထားဟုဆို 
DVB
·
January 28, 2025
ထိုင်းနယ်စပ်တွင် UWSA ‘ဝ’ တပ်ဖွဲ့က နယ်မြေထပ်မံကျူးကျော်ထားဟုဆို 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲမှာ UWSA ‘ဝ’ တပ်ဖွဲ့က ထိုင်းပိုင်နက်ထဲ ကျူးကျော်ပြီး တပ်စခန်းတွေ ဆောက်လုပ်တဲ့ပြဿနာ ဖြေရှင်းလို့မှမပြီးသေးခင် နောက်ထပ် ကျူးကျော်ထားတဲ့ တနေရာ တွေ့ရပြန်တယ်လို့  Transborder News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းအမျိုးသားလုံခြုံရေး နဲ့ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာ၊ နယ်စပ်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် People’s Party လွှတ်တော်အမတ်လည်းဖြစ်တဲ့ နိုင်းရန်းဆီမန်းရုန်းဟာ  သူ့ရဲ့ အဖွဲ့ ဝင်တွေနဲ့အတူ ဇန်နဝါရီ ၂၇ ရက်က ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်ကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ 

သူတို့အဖွဲ့ဟာ ဘန့်ပက်ဆဲမ်းဒေသရှိ ထိုင်းစစ်တပ်စခန်းက‌နေ မှန်ပြောင်းနဲ့ လှမ်းမျှော်ကြည့်ရာမှာ  UWSA ‘ဝ’ တပ်ဖွဲ့ဟာ ဆန်ပမ်နမ့်ရွာဘက်မှာ ထိုင်းပိုင်နက်ကိုကျူးကျော်ပြီး  တပ်စခန်းလာဆောက်ထားတာကို သိသာထင်ရှားစွာ တွေ့မြင်ရတယ်လို့ လွှတ်တော်အမတ် နိုင်း ရန်းဆီ မန်းရုန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတယ်လို့ ဆိုပါတယ်။ 

‘ဝ’ တပ်ဖွဲ့ဘက်က ထိုင်းပိုင်နက်ထဲ ကျူးကျော်ဝင်လာတာနဲ့ ပတ်သက်လို့ ထိုင်းအနေနဲ့  ယခင်က ဆန့်ကျင်ကန့်ကွက်တာ၊ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ခဲ့ပေမဲ့ အခြေအနေ တိုးတက်မှုမရှိဘဲ ‘ဝ’ ဘက်ကလည်း ပြန်ဆုတ်သွားမယ်လို့ ဘယ်ဘက်ကမှ အာမမခံဘူးလို့  ရန်းဆီမန်းရုန်းက ပြောပါတယ်။ 

ရုန်း နဲ့ အဖွဲ့ဟာ အဆိုပါခရီးစဉ်မှာ ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ကျူဖာဝေါက်ရွာကိုလည်း သွားရောက်ခဲ့တယ်၊ အဲဒီမှာ နှစ်နိုင်ငံနေ ပြည်သူတွေ ကူးသန်းသွားလာပြီး ကုန်စည်ဖလှယ်ရာလမ်းကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမယ့်အလားအလာရှိတယ်၊ ဒါပေမဲ့ တဘက်နိုင်ငံမှာ တည်ငြိမ်ရေးနဲ့လုံခြုံရေးပြဿနာတွေရှိနေတယ်၊ နိုင်ငံတော် အစိုးရကလည်း  UWSA ‘ဝ’ တပ်ဖွဲ့နဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုမပြုနိုင်တဲ့ အခြေအနေမှာရှိတယ်၊ ဒါကြောင့် ဖွံ့ဖြိုးမှုတွေ မပြုလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ 

ဒီလိုအခြေအနေတွေကြားမှာ သူတို့ကော်မတီအနေနဲ့ နယ်စပ်မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ တရားမဝင် ဝင်ထွက်မှုတွေအပေါ်မှာလည်း  စိုးရိမ်မှုရှိတယ်၊ ထိုင်းဘက်က နယ်စပ်လုံခြုံရေးအတွက် နည်း ပညာအကူအညီတွေနဲ့ ဆောင်ရွက်ပေမဲ့ တဘက်နိုင်ငံက  နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေတယ်၊ ‘ဝ’ တပ်ရဲ့ ပိုင်နက်ကျုးကျော်မှုဟာလည်း ထိုင်းပြည်သူတွေရဲ့ လူမှုစီးပွားစနစ်ကို ခြိမ်းခြောက်နေတယ်၊ ဒီပြဿနာတွေ ကိုင်တွယ်ဖြေရှင်းဖို့ လွှတ်တော်ထဲမှာ တင်ပြဖို့ရှိတယ်လို့  ရုန်းက ပြောပါတယ်။ 

မယ်ဟောင်ဆောင်ခရိုင် ပန်မဖာ့မြို့နယ် နောင်လုံ နဲ့  ဟွေနမ့်ဒမ်ဒေသဘက်မှာ   UWSA ‘ဝ’ တပ်ဖွဲ့ က ပိုင်နက်ကျော်ပြီး တပ်စခန်းတွေဆောက်တဲ့ကိစ္စ ယခင်ကညှိနှိုင်းခဲ့တယ်၊ ဝ ဘက်က နေရာအချို့ ပြန်ဆုတ်ပေးမယ်လို့ ပြောတယ်၊ ဒါပေမဲ့ အခြေအနေ ဘာမှတိုးတက်မှုမရှိဘူး၊ ဒီလိုမတင်မကျဖြစ်နေတော့ နယ်စပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းတပ်သားတွေလည်း အနေခက်တယ်၊  နယ်ခြားမျဉ်းတွေနဲ့ပတ်သက်လို့  ထိုင်းအစိုးရဘက်က ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ မချမှတ်ဘူးလို့  ရုန်း က ဝေဖန်ထားတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား : Transborder News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013