
ဂျပန်ကျောင်းသားကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ တရုတ်အမျိုးသား ၁ ယောက်ကို သေဒဏ် ချမှတ်ခဲ့ ပါတယ်။
အသက် ၁၀ နှစ်အရွယ်ရှိ ဂျပန်ကျောင်းသား ၁ ယောက် ဓားထိုး အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီအဖြစ်အပျက်က တရုတ်နိုင်ငံမှာ နေတဲ့ ဂျပန်တွေကြား စိုးရိမ်မှု မြင့်တက်စေခဲ့ပါတယ်။
စက်တင်ဘာလက တရုတ်နိုင်ငံရဲ့ ရှန်ဇန်ရှိ တောင်ပိုင်းမြို့မှာ ဂျပန်ကျောင်းသား တယောက် ဓားထိုး ခံရပြီး သေဆုံးခဲ့မှုကို သောကြာနေ့က အမိန့်ချခဲ့တာဖြစ်တယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
ဂျပန်လူမျိုး မိခင်နဲ့ ကလေးကို တိုက်ခိုက်ခဲ့တဲ့ တရုတ်အမျိုးသား တယောက်ကိုလည်း သေဒဏ် ချမှတ်ခဲ့ပါသေးတယ်။
ဇွန်လက ဆူဇိုပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီအမှုမှာ ဂျပန်သားအမိကို ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီး တယောက် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ နိုင်ငံခြားသားတွေ ဓားနဲ့ တိုက်ခိုက်ခံရမှု ၃ ခုရှိခဲ့တာဖြစ်ပါတယ်။
ဆူဇိုပြည်နယ် အဖြစ်အပျက်မတိုင်မီ တရုတ်နိုင်ငံမြောက်ပိုင်း ဂျီလင်ရှိ ပန်းခြံ တခုမှာ အမေရိကန် ကောလိပ်ဆရာ ၄ ယောက် ဓားနဲ့ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
ရှန်ဇန်မှာ ဂျပန်လူမျိုး တိုက်ခိုက်ခံရမှုအပြီး တိုရှီဘာနဲ့ တိုယိုတာတို့အပါအဝင် ဂျပန်ကုမ္ပဏီ တွေက ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုများကို သတိပြုဖို့ ဝန်ထမ်းတွေကို သတိပေးခဲ့ပါတယ်။
ပန်နာဆိုနစ်ကတော့ ဝန်ထမ်းတွေ ဂျပန်ကို ပြန်နိုင်ဖို့ လေယာဉ်ခ စရိတ်ခံပြီး ပို့ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က လမ်းသွားလမ်းလာတွေနဲ့ လူစိမ်းတွေ တိုက်ခိုက်ခံရမှု ၁၉ ခုရှိခဲ့ပြီး တခြားနှစ် တွေကထက် ပိုများလာတာဖြစ်ပါတယ်။
Source : Reuters










