DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်သဘောတူညီချက်ဖြင့် ဒုတိယအသုတ်လွှတ်မည့် ဓားစာခံများတွင်  အစ္စရေး စစ်သမီး ၄ ဦး ပါမည် 
DVB
·
January 25, 2025
အပစ်ရပ်သဘောတူညီချက်ဖြင့် ဒုတိယအသုတ်လွှတ်မည့် ဓားစာခံများတွင်  အစ္စရေး စစ်သမီး ၄ ဦး ပါမည် 
Donate to DVB

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ် (Hamas) က ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ ဒုတိယအကြိမ် လဲလှယ်မှုအနေနဲ့ ပြန်လွှတ်ပေးမည့် အစ္စရေး စစ်သမီး ၄ ဦးရဲ့ အမည်တွေကို ဇန်နဝါရီ ၂၄ ရက်က ကြေညာခဲ့ပြီး သူတို့တွေကို စနေနေ့မှာ ပြန်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။ 

စနေနေ့ မွန်းလွဲပိုင်းမှာ စတင်မယ်လို့ ခန့်မှန်းထားတဲ့ ဒီအလဲအလှယ်မှာ ကရီနာ အေရိဗ်၊ ဒယ်နီယယ်လာ ဂီလ်ဘိုအာ၊ နားမာ လယ်ဗီ နဲ့ လီရီ အလ်ဘဂ် တို့ကို ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ဟားမတ်စ်က ထုတ်ပြန်ထားပါတယ်။ 

အပစ်အခတ်ရပ်စဲရေး ပထမဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ စစ်ပွဲ တနှစ်ကျော်အတွင်း ပထမဆုံးသော လဲလှယ်မှုအဖြစ် အစ္စရေး အမျိုးသမီး ၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၉၀ ကို အပြန်အလှန် လွှတ်ပေးခဲ့ပါတယ်။

သီတင်း ၆ ပတ်ကြာ ဂါဇာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ အစ္စရေးဟာ ပြန်လွှတ်ပေးမယ့် စစ်သမီး တယောက်ချင်းစီတိုင်းအတွက် ပါလက်စတိုင်း အကျဉ်းသား ၅၀ ကို ပြန်လွှတ်ပေးဖို့ သဘောတူထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

အခု စစ်သမီး ၄ ဦးအတွက် ပါလက်စတိုင်း အကျဉ်းသား ၂၀၀ လောက်ကို ပြန်လွှတ်ပေးမယ်လို့ အကြံပြုထားပါတယ်။

အပစ်ရပ် သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက် ၁၆ ရက်မြောက်နေ့မှာ သဘောတူညီချက်ရဲ့ ဒုတိယအဆင့် ညှိနှိုင်းမှုကို စတင်မှာဖြစ်ပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ အစ္စရေး လုံခြုံရေး ကိုယ်စားလှယ်အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရေး ဆက်လက်ညှိနှိုင်းဖို့ ကိုင်ရိုမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ 

အစ္စရေးကိုယ်စားလှယ်အဖွဲ့မှာ အစ္စရေးထောက်လှမ်းရေးအေဂျင်စီ မော့ဆဒ် နဲ့ ရှင်းဘတ် လုံခြုံရေးအေဂျင်စီမှ တာဝန်ရှိသူတွေ ပါဝင်ပါတယ်။ 

ဆွေးနွေးပွဲတွေဟာ ဓားစာခံတွေကို ထပ်မံလွှတ်ပေးရေးနဲ့ ဒဏ်ရာရရှိထားတဲ့ ပါလက်စတိုင်းတွေ ကို ဖြတ်သန်းသွားလာခွင့်ပြုဖို့ ရာဖှာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်း အပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယအဆင့်ကို အကောင်အထည်ဖော်မှုအပေါ် အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

ဂါဇာကမ်းမြောင်ရှိ အစ္စရေးစစ်သားတွေကို ခြိမ်းခြောက်မှုတွေကို တန်ပြန်မယ့် အပစ်ရပ် စာချုပ်နဲ့အညီ အစ္စရေး တပ်ဖွဲ့ဝင်တွေက အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဒေသစံတော်ချိန် ကြာသပတေးနေ့ညနေပိုင်းမှာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဒေသခံတွေကို စစ်ရေးအမိန့်တွေကို လိုက်နာပေးဖို့ နဲ့ အဲဒီဒေသမှာ တပ်စွဲထားတဲ့ အစ္စရေးတပ်တွေနား ချဉ်းကပ်ခြင်းမှ ရှောင်ကြဉ်ကြဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။ ပါလက်စတိုင်းဘက်ကတော့ အစ္စရေးစစ်တပ်ကို တုံ့ပြန်ခြင်း မရှိသေးပါဘူး။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013