DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခေါ်ဆိုပြီး  တိုက်ခိုက်
DVB
·
January 23, 2025
အမေရိကန်က ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခေါ်ဆိုပြီး  တိုက်ခိုက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၂ ရက်မှာ ယီမင်နိုင်ငံရဲ့ ဟူသီလှုပ်ရှားမှုကို “နိုင်ငံခြားအကြမ်းဖက်အဖွဲ့” အဖြစ် ပြန်လည် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်က ကြေညာပါတယ်။

အီရန်ရဲ့ မဟာမိတ် အဖွဲ့အတွက် ဘိုင်ဒင်အစိုးရ ကျင့်သုံးခဲ့တာထက် ပိုပြီးပြင်းထန်တဲ့ စီးပွားရေး ပြစ်ဒဏ်တွေ ချမှတ်မှာဖြစ်ပြီး ပင်လယ်နီမှာ ကုန်သွယ်သင်္ဘောတွေ တိုက်ခိုက်ခံရခြင်းနဲ့ အရေးကြီး ရေကြောင်းသွားလာရေး လမ်းကြောင်းကို ခုခံကာကွယ်တဲ့ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ခြင်းအပေါ် တုံ့ပြန်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဟူသီတပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေက ပရမ်းပတာဖြစ်နေပြီး သူတို့တွေဟာ အန္တရာယ်များပြီးတော့ နိုင်ငံတကာဥပဒေကို သိသိသာသာ ချိုးဖောက်နေတာကြောင့် ဒါဟာ နိုင်ငံတကာ အဖြေရှာဖို့ လိုအပ်နေတဲ့ နိုင်ငံတကာ ပြဿနာတခု ဖြစ်နေကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ရိုက်ဒါက ပြောပါတယ်။

ယီမင်နိုင်ငံရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ သူတို့ဟာ ဂါဇာရှိ ဟားမတ်စ်တွေကို အစ္စရေးက ဆင်နွှဲနေတဲ့ စစ်ပွဲမှာ ပါလက်စတိုင်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့လုပ်ရပ် ဖြစ်ကြောင်း ပြောထားပါတယ်။

ဟူသီတွေဟာ သင်္ဘော ၂ စင်းကို နှစ်မြှုပ်ခဲ့ပြီး နောက်ထပ်တစင်းကို ဖမ်းမိထားကာ အနည်းဆုံး သင်္ဘောသား ၄ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

ဟူသီစစ်ဘက်ပြောခွင့်ရ ယာယျာဆာရီးက  “ယီမင်တပ်မတော်ရဲ့ ရေတပ်ယူနစ်၊ ဒုံးကျည်တပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့တွေဟာ ဘုရားသခင်ရဲ့အကူအညီနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Harry S. Truman နဲ့ ပင်လယ်နီမြောက်ပိုင်းရှိ စစ်သင်္ဘော အများအပြားကို ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေ အများအပြား အသုံးပြုပြီးတော့ ပစ်မှတ်ထား ပူးတွဲစစ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်”လို့ ပြောပါတယ်။

ဟူသီအဖွဲ့ကို ပြည်ပအကြမ်းဖက်အဖွဲ့အဖြစ် ပြန်ကြေညာတာက နောက်တောင်ကျနေပြီလို့ ကြေညာချက်ကို ထောက်ခံသူတွေက ပြောဆိုကြပြီး တချို့ကျွမ်းကျင်သူတွေကလည်း အကူအညီပေးရေးအဖွဲ့အစည်းတချို့ အပါအဝင် ဟူသီသူပုန်တွေကို အကူအညီပေးနေတဲ့ ဘယ်သူ့ကိုမဆို သက်ရောက်မှုရှိနိုင်တယ်လို့ ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013