DVB Logo
Home
မြန်မာသတင်း
ကျားဖြန့် ငွေလိမ်ဒုစရိုက်လုပ်ငန်းများ လုံးဝလက်မခံ၊ စိစစ်အရေးယူနေဟု ကရင်နယ်ခြားစောင့်တပ် (BGF) ပြော
DVB
·
January 23, 2025
ကျားဖြန့် ငွေလိမ်ဒုစရိုက်လုပ်ငန်းများ လုံးဝလက်မခံ၊ စိစစ်အရေးယူနေဟု ကရင်နယ်ခြားစောင့်တပ် (BGF) ပြော
Donate to DVB

ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ကရင်ပြည်နယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို မြေငှားစနစ်နဲ့သာ လက်ခံထားပေမဲ့ မသမာတဲ့ လုပ်ငန်းရှင်တွေဟာ လူကုန်ကူး၊ လောင်းကစား၊ လိမ်လည်မှုနဲ့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေကြလို့ စိစစ်အရေးယူနေပြီး ဒုစရိုက်မှုလုပ်ငန်းတွေကို လုံးဝ လက်မခံဆန့်ကျင်ကြောင်း ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လိမ်လည်မှု လူကုန်ကူးနဲ့ လောင်းကစားဒုစရိုက်လုပ်ငန်းတွေ တိုက်ဖျက်ရေး အစိုးရတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

BGF သတင်းထုတ်ပြန်ရေး အဖွဲ့ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က " ဒီကြေညာချက်ဟာ BGF အဖွဲ့ရဲ့ မသမာမှု လူကုန်ကူးမှု လိမ်လည်မှုလောင်းကစားမှုစတဲ့ ဒုစရိုက်လုပ်ငန်းတွေအပေါ် လက်မခံတဲ့ ရပ်တည်ချက်ကို ထင်ရှားစေအောင် ထုတ်ပြန်တာလို့" DVBကို ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံတချို့က နိုင်ငံသားတွေကို ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေက လူကုန်ကူး အဓမ္မခိုင်း ညှဉ်းပန်းနှိပ်စက်နေတဲ့ နေရာဟာ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေက္ကိုလ် အပါအဝင် လောင်းကစားဇုန်နေရာတွေဖြစ်ပြီး ဒီနေရာတွေဟာ BGF အဖွဲ့ကချုပ်ကိုင်ထားတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြနေကြတာပါ။

ဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ "ဒေသတွင်း စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားတာရှိပြီး ပထမခြေလှမ်းအနေနဲ့ လူမှောင်ခို တားဆီးတိုက်ဖျက်ရေးအတွက် ဒေသ အာဏာပိုင်တွေ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဂိုဏ်းကဏ္ဍတွေကို စတင် အရေးယူဖို့ ခြေလှမ်းလှမ်းနေပါပြီ" လို့ ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013