DVB Logo
Home
နိုင်ငံတကာ
ကျူးဘားနှင့် ပတ်သက်ပြီး ဘိုင်ဒင်အစိုးရ ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်ကို ထရမ့်ပ် ပယ်ချ
DVB
·
January 23, 2025
ကျူးဘားနှင့် ပတ်သက်ပြီး ဘိုင်ဒင်အစိုးရ ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်ကို ထရမ့်ပ် ပယ်ချ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကျူးဘားကျွန်းနဲ့ပတ်သက်တဲ့ အုပ်ချုပ်ရေးအမိန့်ကို ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပြီး အရင်သီတင်းပတ်ကပဲ ဘိုင်ဒင်အစိုးရ ထုတ်ပြန်ထားတဲ့ သဘောတူညီချက်ကို ပယ်ချခဲ့တာကြောင့် ကျူးဘားက ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နယ်ချဲ့ဝါဒရဲ့ ရန်လိုမှုအဖြစ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

သမ္မတအဖြစ် ကျမ်းကျိန်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာပဲ ကမန်းကတန်း ထုတ်ပြန်လိုက်တဲ့ ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအမိန့်ဟာ ပိုပြီးကျယ်ပြန့်တဲ့ ကျူးဘားနဲ့ သဘောတူညီချက်ကို လျစ်လျှူရှုလိုက်တာလို့ ဆိုပါတယ်။

သမ္မတ ထရမ့်ပ်ဟာ မောက်မာခြင်းနဲ့ အမှန်တရားကို အထင်အမြင်သေးခြင်း လုပ်ရပ်အနေနဲ့ အခုလေးတင်ပဲ ကျူးဘားကို အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီတဲ့ နိုင်ငံတော် ဆိုပြီး ပြန်ထည့်သွင်းလိုက်တာဟာ မသမာတဲ့လုပ်ရပ်ပဲလို့ ကျူးဘားသမ္မတ မစ်ဂွဲလ် ဒီယက်ဇ် ကနဲလ်က X လူမှုကွန်ရက်မှာ ပို့စ်တင်ထားပါတယ်။

ဒါကလည်း အံ့သြစရာ မဟုတ်ကြောင်းနဲ့ သူ့ရဲ့ ရည်မှန်းချက်ဟာ လွှမ်းမိုးချုပ်ကိုင်လိုတဲ့ ရည်ရွယ်ချက်အတွက် ကျူးဘားကို ရက်စက်ကြမ်းကြုတ်တဲ့ စီးပွားရေးစစ်ပွဲကို ဆက်လက် အားကောင်းအောင် လုပ်ဖို့ပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ “အမေရိကန်နယ်ချဲ့ဝါဒရဲ့ ရန်လိုမှုကို သရုပ်ပြမှုတခု” လို့လည်း ပြောကြားလိုက်ပါတယ်။

ဒါကို ဘယ်လိုအရေးယူဆောင်ရွက်မယ် ဆိုတာကို တုံ့ပြန်ပြောကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကိုလည်း ကျူးဘားအစိုးရက အကြောင်းမပြန်သေးပါဘူး။

ဗာတီကန်က ကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအရ ဘိုင်ဒင်အစိုးရဟာ ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားကျွန်းနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းရေး ခြေလှမ်းအဖြစ် ကျူးဘားကို အကြမ်းဖက်ဝါဒနိုင်ငံ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးဖို့ သဘောတူခဲ့ပြီး ဟာဗားနားကလည်း ဝါရှင်တန်က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရတဲ့ ကျူးဘားအကျဉ်းသား ၅၀၀ ကျော်ကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဗာတီကန်နဲ့ ဆွေးနွေးပွဲတွေအပြီးမှာ အကျဉ်းသားလွှတ်ပေးရေး သဘောတူညီချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းက အစိုးရကို ဆန္ဒပြမှုတွေကြောင့် အဖမ်းခံခဲ့ရသူတွေအများစု ပြန်လွတ်မြောက်လာကြပြီး ဒီသဘောတူညီချက်ကို ကျူးဘားက တဖက်သတ်နဲ့ အချုပ်အခြာ ဆိုင်ရာလုပ်ရပ် ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောဆိုခဲ့ပါတယ်။

ကျူးဘားဟာ အခုချိန်အထိ အကျဉ်းသား ၁၅၀ လောက်ကို လွှတ်ပေးခဲ့ပြီး ၅၅၃ ယောက်ထဲက ၄ ပုံ ၁ ပုံလောက်ကို လွှတ်ပေးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ထရမ့်ပ်ရဲ့ ကြေညာချက်အပြီးမှာ ကျူးဘားဟာ အကျဉ်းသားတွေကို ထပ်လွှတ်ပေးဖို့ ရှိ မရှိ ကိုတော့ ရိုက်တာက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013