DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်အရေး အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲ တိုက်ဖျက်ရန် အသင့်ရှိဟု NUG ပြော
DVB
·
January 22, 2025
ကျားဖြန့်အရေး အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲ တိုက်ဖျက်ရန် အသင့်ရှိဟု NUG ပြော
Donate to DVB

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူအများကို အကာအကွယ်ပေးနိုင်ဖို့နဲ့ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူဖို့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့အတူ လက်တွဲတိုက်ဖျက်ဖို့ အဆင်သင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဇန်နဝါရီလ ၂၁ ရက်မှာ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပါးအစီအစဉ်မှာ အခုလို ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။

အွန်လိုင်း လိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ရာဇဝတ်လုပ်ငန်းများနဲ့ အကျိုးစီးပွားဖက် ဖြစ်တဲ့ စစ်ကောင်စီ ရှိနေသမျှ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေးကို အမြဲ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာပြည်သူလူထုသာမက၊ အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေကို ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်စေပြီး၊ ခရီးသွားလုပ်ငန်း၊ နယ်စပ်လုံခြုံရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ထိခိုက်လာနိုင်တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေး အရေးယူဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်အဆက်အသွယ်ကို မြန်မာနိုင်ငံက ရတာမဟုတ်ဘဲ ထိုင်းနိုင်ငံက ရတာလို့ စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်မှာထုတ်ပြန် စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံအခြေစိုက် လိမ်လည်နေတဲ့ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လူပေါင်း ၆၀၀၀ကျော် ထိန်းသိမ်းခံထားရပြီး အဲဒီထဲကမှ ထက်ဝက်ကျော်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ Civil Society Network for Victim Assistance in Human Trafficking အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013