DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီအိုနှင့် အိန္ဒိယဝန်ကြီး တွေ့ဆုံဆွေးနွေး  
DVB
·
January 22, 2025
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီအိုနှင့် အိန္ဒိယဝန်ကြီး တွေ့ဆုံဆွေးနွေး  
Donate to DVB

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ရုံးတက်တဲ့ ပထမဆုံးနေ့ ဇန်နဝါရီ ၂၁ ရက်မှာ အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီး ဒေါက်တာ ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း ရာထူးစတင်ပြီး နောက်တနေ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ရူဘီအိုဟာ “Quad” လို့ခေါ်တဲ့ နိုင်ငံ ၄ နိုင်ငံ အုပ်စုနဲ့ အစည်းအဝေး ကျင်းပခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

တရုတ်ရဲ့ ပါဝါကြီးထွားလာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာ တူညီကြတဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန် ၄ နိုင်ငံအုပ်စုကို “Quad” လို့ ခေါ်ပြီး ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ထရမ့်ပ်က သမ္မတအိမ်ဖြူတော်ကို ပြန်ရောက်တဲ့ ပထမဆုံးနေ့မှာ မမျှော်လင့်ဘဲ တရုတ်အပေါ် စည်းကြပ်ခွန်တွေ ရုပ်သိမ်းလိုက်ပါတယ်။

ပြိုင်ဘက်တွေကြား အပြန်အလှန် ဆက်ဆံရေး အလားအလာ မြှင့်တင်ပြီး ခြိမ်းခြောက်မှု တရပ်အဖြစ် ပယ်ထုတ်မထားခဲ့ပါဘူး။

ဒါပေမဲ့ တရုတ်အစိုးရကို တန်ပြန်ခြင်းက ထိပ်တန်းဦးစားပေးဖြစ်ကြောင်း အချက်ပြဖို့ ဒီဇိုင်းထုတ်ထားတာလို့ လေ့လာသူတွေက ပြောပါတယ်။

အိမ်ဖြူတော်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ စုဝေးမယ့် အစီအစဉ်ကိုလည်း ထရမ့်ပ်ရဲ့ အရာရှိတွေက ဆောင်ရွက်နေတယ်လို့ အစည်းအဝေးတွေ စီစဉ်ရာမှာ ပါဝင်သူတယောက်က ပြောပါတယ်။

ထရမ့်ပ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘတို့ လာမယ့်လမှာ ဝါရှင်တန်မှာ တွေ့ဖို့ ဖြစ်နိုင်တယ်လို့ စီမံကိန်းနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ဖို့ Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်တာဟာ အင်ဒို-ပစိဖိတ် ဒေသမှာ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနေခြင်းပဲလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်က ပြောပါတယ်။ သူဟာ သီတင်းပတ်ကုန် ရက်ပိုင်းက အိန္ဒိယနဲ့ ဂျပန် အရာရှိတွေနဲ့ တွေ့ခဲ့တဲ့သူပါ။

ရူဘီအိုဟာ အင်္ဂါနေ့မှာ နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Quad အဖွဲ့ဟာ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရလက်ထက်မှာ အကြိမ်များစွာ တွေ့ဆုံခဲ့ပါတယ်။

အထူးသဖြင့် တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှုကို ဆန့်ကျင်တဲ့ အမေရိကန် မဟာမိတ်တွေက ပြန်လည် တွန်းလှန်နေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရရဲ့ စစ်ရေးနဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေကို အာရုံစိုက်ခဲ့ပါတယ်။

Quad အဖွဲ့ဟာ ပင်လယ်ရေအောက် ကေဘယ်ကြိုးတွေ အပါအဝင် ထောက်ပံ့ရေး ကွင်းဆက်တွေနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ ဆိုက်ဘာလုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013