DVB Logo
Home
အားကစား
အသင်းပြောင်းရန် အဆင်မပြေသည့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် မန်ယူတွင် ဆက်ရှိနိုင်
DVB
·
January 21, 2025
အသင်းပြောင်းရန် အဆင်မပြေသည့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် မန်ယူတွင် ဆက်ရှိနိုင်
Donate to DVB

အသင်းပြောင်းရွှေ့ဖို့ကိစ္စ အဆင်မပြေဖြစ်နေသေးတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနိုင်တယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ကစားခဲ့တဲ့ နော်တင်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီးနောက် လက်ရှိအချိန်အထိ ပွဲကစားခွင့် တကြိမ်မှ မရရှိတော့တာပါ။

နည်းပြ အာမိုရင်နဲ့ အဆင်မပြေဖြစ်လာခဲ့ပြီးနောက် အသင်းပြောင်းရွှေ့ဖို့ အစီအစဉ်ဟာလည်း အခက်အခဲတွေ ရှိလာတာပါ။

ဂျာမန်ကလပ် ဒေါ့မွန်အသင်းက ခေါ်ယူလိုပေမဲ့ လုပ်ခလစာ အပြည့်အဝ မပေးချေနိုင်တာကြောင့် အဆင်မပြေဖြစ်နေပြီး မန်ယူအသင်းဘက်ကလည်း ရက်ရှ်ဖို့ဒ်ကို အရေးတကြီးရောင်းချဖို့ အစီအစဉ်မရှိကြောင်း စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။

အေစီမီလန်ကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမဲ့ မန်စီးတီးနောက်ခံလူ ကိုင်ဝေါ်ကာရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့သာ အဓိကပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013