DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး  မြဝတီ ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးလွတ်မြောက်လာ 
DVB
·
January 20, 2025
အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး  မြဝတီ ကျားဖြန့်ဂိုဏ်းမှ ထွက်ပြေးလွတ်မြောက်လာ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ဇန်နဝါရီ ၁၉ ရက်က မြန်မာနိုင်ငံ မြဝတီဘက်ကနေ  တရားမဝင် ဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ယောက်ကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်း တာဝန်ရှိသူနဲ့ နယ်မြေအုပ်ချုပ်ရေး၊ လုံခြုံရေးရဲတွေဟာ နယ်စပ်တလျှောက်စောင့်ကြပ်စစ်ဆေးစဉ် ဇန်နဝါရီ ၁၈ ရက် သန်းခေါင်ကျော် ၁၉ ရက်အကူးမှာ နယ်စပ်တောလမ်းကနေ ဝင်ရောက်လာတဲ့ အဆိုပါနိုင်ငံခြားသားတွေကို ဖမ်းဆီးရမိတာပါ။ 

စစ်ဆေးချက်အရ အဲဒီထဲမှာ အမျိုးသား ၃၀ အမျိုးသမီး ၂ အယောက် စုစုပေါင်း ၃၂ ယောက် ပါဝင်ပြီး အင်ဒိုနီးရှားနိုင်ငံသားတွေ ဖြစ်တယ်၊ သူတို့ဟာ မြဝတီမြို့နယ်ရှိ ကျားဖြန့် အွန်လိုင်း ငွေလိမ်းဂိုဏ်းကနေ ထွက်ပြေးလာတာလို့ ပြောပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့နှစ်က ထိုင်းနဲ့ အင်ဒိုနီးရှား ပွဲစားတွေရဲ့ လိမ်လည်မှုကိုခံရပြီး အဲဒီကို ရောက်သွားတယ်၊ ကျားဖြန့်ဂိုဏ်းမှာ အဓမ္မလုပ်အားစေခိုင်းခံရတာ မခံနိုင်တော့လို့ ထွက်ပြေးလာတာလို့ ထွက်ဆိုထားပါတယ်။  တာဝန်ရှိသူတွေက သူတို့ကို လောလောဆယ် မဲဆောာက်ရဲစခန်းကို ပို့ထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ထိုင်း People’s Party လွှတ်တော်အမတ် ရန်းဆီမန်းရုမ်းက မဲဆောက်တဖက်ကမ်း မြဝတီဘက်မှာ  ရွှေကုက္ကိုလ်နဲ့ KK Park ဆိုတဲ့ စီးပွားရေးဇုန်ကြီး ၂ ခုရှိတယ်၊ အဲဒီထဲမှာ ကာစီနိုလောင်းကစားရုံ၊ ကေတီဗွီရုံတွေအပြင် ကျားဖြန့်လုပ်ငန်းတွေပါ လုပ်ကိုင်နေပြီး လူကုန်ကူးခံရသူတွေ၊ အဓမ္မလုပ်အားခိုင်းစေခံရသူတွေ ထောင်နဲ့ချီရှိနေတယ်၊ အများစုဟာ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ကာ အဆိုပါဂိုဏ်းကို ရောက်သွားတယ်။ ထိုင်းနိုင်ငံဟာ ကျားဖြန့်ဂိုဏ်းက လူသူစုဆောင်းဖို့ အသုံးချခံနယ်မြေ ဖြစ်နေတယ်။ ဒါ့အပြင် အဆိုပါဂိုဏ်းအတွက် လိုအပ်တဲ့ လျှပ်စစ်မီးတွေ၊ အင်တာနက်လိုင်းတွေကို ထိုင်းကနေပဲ သွယ်ယူတာကြောင့်  နိုင်ငံတကာကို ခြိမ်းခြောက်နေတဲ့ ကျားဖြန့်ဂိုဏ်းပပျောက်ရေးမှာ ထိုင်းနိုင်ငံက အဓိကကျတယ်၊ ဒါကြောင့် ဘက်စုံပူးပေါင်းပါဝင်တိုက်ဖျက်ဖို့ ပြီးခဲ့တဲ့အပတ် လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးထားပါတယ်။

လတ်တလော မြဝတီ-မဲ​ဆောက် နယ်စပ်​မှာ ထိုင်းဘက်က  အထူးလုံခြုံ​ရေး အထူးတင်းကျပ်ထားပြီး အဓိက တရုတ်နိုင်ငံသားတွေကို သတိထား​စောင့်ကြည့်နေပါတယ်။

ဖမ်းဆီးရမိတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ယောက်ကို​တော့ မဲ​ဆောက်မြို့မရဲစခန်းကို လွှဲပြောင်း​ပေးထားပြီး ထိုင်းနိုင်ငံတရားဥပ​ဒေအတိုင်း အ​ရေးယူ ​ဆောင်ရွက်ပြီးရင်  မိခင်နိုင်ငံကို ပြန်ပို့ဆောင်မှာ ဖြစ်ပါတယ်။

Source: Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013