DVB Logo
Home
အားကစား
စပါးနှင့် အဲဗာတန်ကွင်းလယ်လူဟောင်း အယ်လီ အီတလီကလပ် ကိုမိုအသင်းဆီ ပြောင်းရွေ့ 
DVB
·
January 19, 2025
စပါးနှင့် အဲဗာတန်ကွင်းလယ်လူဟောင်း အယ်လီ အီတလီကလပ် ကိုမိုအသင်းဆီ ပြောင်းရွေ့ 
Donate to DVB

စပါးအသင်းနဲ့ အဲဗာတန်ကွင်းလယ်လူဟောင်း ဒယ်လီအယ်လီဟာ နည်းပြဖာဘရီဂတ်စ် တာဝန်ယူကိုင် တွယ်နေတဲ့ ကိုမိုအသင်းဆီ ပြောင်းရွှေ့သွားပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ  မနှစ်ကရာသီက အဲဗာတန်ကနေ တူရကီကလပ် ဘက်ဆစ်တပ်အသင်းဆီ အငှားကစားခဲ့ပြီးနောက် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာပါ။

အဲဒီနောက် အသင်းလက်မဲ့ ဖြစ်နေတာ တလလောက်ကြာပြီးနောက်မှာ အီတလီစီးရီးအေကလပ် ကိုမိုအသင်းဆီ ပြောင်းရွှေဖို့ သဘောတူညီမှု ရခဲ့တာပါ။

အယ်လီဟာ ကိုမိုနဲ့ တနှစ်ခွဲစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် တနှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်မယ်လို့ သိရပါတယ်။

ဘာစီလိုနာ၊ အာဆင်နယ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဟာ စီးရီအေ ပွဲ ၂၀ ကစားအပြီးမှာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013