DVB Logo
Home
မြန်မာသတင်း
ခါမ်းပါတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံး
DVB
·
January 17, 2025
ခါမ်းပါတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံး
1 / 4
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးတယောက်နဲ့ ပလဖ ရဲဘော်တယောက် သေဆုံးခဲ့ပြီး ‌ဘုန်းကြီးနဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက ခါမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်နဲ့ ကနန်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခါမ်းပါတ်မြို့က ပလဖရဲဘော်တယောက်နဲ့ ကလေးငယ်တယောက် သေဆုံးကာ ဒေသခံ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကနန်ရွာက ဘုန်းကြီးတပါးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခါမ်းပါတ်ဒေသခံတယောက်က ပြောပါတယ်။

လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူတွေဟာ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသမှု ခံယူနေကြရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကနန်ရွာက ဘုန်ကြီးကျောင်းဆောင် အပါအဝင် နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ရုံးဖွင့်မယ်လို့ NUG ဝန်ကြီးတချို့က မီဒီယာတွေမှာ ဖြေဆိုပြီးတဲ့နောက်ပိုင်း ခါမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား NUG ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ခါမ်းပါတ်မြို့ PDF ရုံးကို တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်ကလည်း စစ်ကောင်စီက ကနန်ရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ ဒေသကာကွယ်ရေး ပူးပေါင်း‌တပ်တွေက ခါမ်းပါတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် NUG ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013