DVB Logo
Home
မြန်မာသတင်း
ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုက ဒဏ်ရာရသူများ ဆေးဝါးကုသရန် ခက်ခဲနေ
DVB
·
January 14, 2024
ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုက ဒဏ်ရာရသူများ ဆေးဝါးကုသရန် ခက်ခဲနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ တဖက်ကမ်း ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရရရှိသူတွေ ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကနန်ရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကလေး ၁၀ ယောက် အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၉ ယောက် ရှိပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေလည်းရှိတယ်လို့ သိရပါတယ်။

ကနန်ဘက်ကနေ ကလေးမြို့ထဲကိုဝင်တဲ့ လူနာတွေကို စစ်ကောင်စီက စစ်ဆေးတာ၊ တားမြစ်တာတွေလုပ်နေသလို ကလေးမြို့ထဲက ပုဂ္ဂလိဂဆေးရုံတွေကိုလည်း စစ်ကောင်စီတပ်က ရှောင်တစ်ခင် ဝင်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသဖို့အတွက် ဆေးဝါးနဲ့ အစားထိုးကုသဖို့ ပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း အကူအညီ ပေးနေသူတွေဆီက သိရပါတယ်။

အကူအညီပေးနေသူတယောက်က “ကလေးမြို့ထဲကို ဝင်မရတော့ အဆင်ပြေတဲ့ လုံခြုံစိတ်ချရတဲ့နေရာမှာ ကုသမှုပေးနေတယ်။ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်။ အရည်အသွေးမီတဲ့ ခွဲခန်း ခွဲစိတ်ဆရာဝန်တို့ မလုံလောက်ဘူး။ ရှိသမျှနဲ့ အကောင်းဆုံးလုပ်ပေးနေတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့က တမူးမြို့နယ်၊ ကနန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး ၉ ယောက် အပါအဝင် ၁၇ ယောက် သေဆုံးခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းအပါအဝင် လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013