DVB Logo
Home
နိုင်ငံတကာ
တောင်အာဖရိက မိုင်းတွင်းမှ အလောင်း ၇၈ လောင်းနှင့် အသက်ရှင်သူ ၂၄၆ ဦးကို ပြန်ဆွဲတင်
DVB
·
January 16, 2025
တောင်အာဖရိက မိုင်းတွင်းမှ အလောင်း ၇၈ လောင်းနှင့် အသက်ရှင်သူ ၂၄၆ ဦးကို ပြန်ဆွဲတင်
Donate to DVB

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ အနောက်တောင်ဘက်ရှိ မိုင်းတွင်းမြို့ဟောင်း စတေလ်ဖွှန်တိန်းမှာ အစိုးရရဲ့ တရားမဝင် မိုင်းတူးဖော်မှုဖြိုခွင်းတဲ့ စစ်ဆင်ရေးမှာ စွန့်ပစ်ရွှေတွင်းတခုရဲ့ မြေအောက် ၂ ကီလိုမီတာ အကွာလောက်က မြေအောက်မိုင်းတွင်းထဲ ဆင်းပုန်းနေခဲ့ကြတဲ့ တရားမဝင် မိုင်းလုပ်သားတွေထဲမှာ အသက်ရှင်နေသေးသူ ၂၄၆ ယောက်နဲ့ ရုပ်အလောင်း ၇၈ လောင်းထက်မနည်းကို မြေပြင်ပေါ်ပြန်ဆွဲတင်ခဲ့ပါတယ်။

အခုချိန်အထိ ကယ်ဆယ်နိုင်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို တရားမ၀င် လူဝင်မှုကြီးကြပ်ရေး ချိုးဖောက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ တရားမ၀င် သတ္တုတူးဖော်မှု အပါအဝင် ရာဇ၀တ်မှုဆိုင်ရာ ပြစ်မှုတွေနဲ့ ချက်ချင်း ဖမ်းဆီး တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

တဦးတယောက်ကိုမှ ဆေးရုံတင်ထားရခြင်း မရှိဘဲ အားလုံးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။

သူတို့ကို ကယ်ဆယ်ရေးလုပ်ဖို့ တရားရုံးက အမိန့်ပေးလိုက်တဲ့ ဇန်နဝါရီ ၁၃ ရက်က စတင်ခဲ့ရာမှာ မြေပေါ်ပြန်ရောက်လာကြတာပါ။

စတေလ်ဖွှန်တိန်းမှာ မိုင်းတွင်းလုပ်သား အများစုဟာ မိုဇမ်ဘစ်မှဖြစ်ပြီး တချို့က ဇင်ဘာဘွေနဲ့ လီဆိုသိုကလာသူတွေ ဖြစ်ပါတယ်။

သူတို့ထဲက ၂၁ ယောက်ကတော့ တောင်အာဖရိကနိုင်ငံသားတွေဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဥမင်လိုဏ်ခေါင်းထဲမှာ ကျန်နေသေးသူ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရကြောင်း မိုင်းတွင်းထဲကို ဆင်းသွားတဲ့ စေတနာ့ဝန်ထမ်းတွေက ဇန်နဝါရီ ၁၅ ရက် နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့ကို ပြောကြားကြောင်း ရဲပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ အလောင်းတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ အားလုံးကို ဆယ်ယူရရှိကြောင်း သေချာစေဖို့ ဇန်နဝါရီ ၁၆ ရက်မှာလည်း ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အစောပိုင်းတုန်းက မြေအောက်ထဲမှာ လူဒါဇင်နဲ့ချီ သို့မဟုတ် ရာနဲ့ချီ ပိတ်မိနေနိုင်သေးတယ်လို့ စိုးရိမ်မှုတွေ ရှိခဲ့တာပါ။

တရားမဝင် မိုင်းလုပ်သားတွေကို လိုက်ဖမ်းနေတဲ့ ရဲတပ်ဖွဲ့ဟာ ဩဂုတ်လကတည်းက မြေပြင်ပေါ်ရှိ ရွှေတွင်းထွက်ပေါက်နေရာမှာ လနဲ့ချီ ဝိုင်းရံပိတ်ဆို့ထားပြီး အစားအစာနဲ့ သောက်ရေ ထောက်ပံ့မှုတွေကိုလည်း ဖြတ်တောက်ခဲ့တာကြောင့် အလုပ်သမားသမဂ္ဂတွေက အသက်မွေးဝမ်းကျောင်းဖို့ ကြိုးစားရှင်သန်နေသူတွေအပေါ် ကြောက်မက်ဖွယ်ရာ ဖြိုခွင်းမှု အခြေအနေလို့ ဖော်ပြပြောဆိုခဲ့ကြပါတယ်။

စတေလ်ဖွှန်တိန်း သတ္တုတွင်း ဖြိုခွင်းမှုကြောင့် သေဆုံးရမှုဟာ လတ်တလော တောင်အာဖရိကသမိုင်းမှာ မိုင်းတွင်းလုပ်သားတွေ အသေအပျောက်အများဆုံးအဖြစ် မှတ်သားထားပါတယ်။

သေဆုံးသူဦးရေ တိုးလာတာနဲ့အမျှ ရဲတပ်ဖွဲ့နဲ့ အစိုးရအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013