DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
January 16, 2025
ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

လုံခြုံရေးတင်းကျပ်ထားတဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်းအစပ်က မြို့တွေနဲ့ ဧရာဝတီတိုင်း၊ မကျီးဇင်တိုက်နယ်အဆင့်ရွာကို သိမ်းယူပြီးနောက် လုံခြုံရေးတင်းကျပ်ထားတဲ့ ကျုံပျော်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းဟာ မနေ့ ဇန်နဝါရီ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်က ကျေးရွာလမ်းပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူက(မြင့်သောင်းက) အရင်ရက်ပိုင်းထဲမှာ စိုက်ဘဏ်ချေးငွေတွေကို အတင်းတောင်းနေတာလေ။ ပစ်ခတ်ရှင်းလင်းခံရတာ မှန်တယ်။ တခါတည်း ပွဲချင်းပြီးပဲ။ ဘယ်အဖွဲ့က လုပ်သွားတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်း စစ်သားစုဆောင်းပေးတဲ့ ကိစ္စတွေမှာ အရပ်သားပြည်သူတွေအပေါ် မတရား ဖိနှိပ်မှုတွေ လုပ်သူတယောက်ဖြစ်ပြီး အလောင်းကို အရေးပေါ် ကားနဲ့ လာသယ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နောက်ထပ် ဒေသခံတယောက်က “မြင့်သောင်း အသတ်ခံရပြီး မကြာဘူး၊ စစ်ကောင်စီတပ်နဲ့ ရဲတချို့က အခင်းဖြစ် အနီးဝန်းကျင်က အိမ်တွေထဲအထိကို ရှာဖွေတော့တာပဲ။ ဘာမှ၊ ဘယ်သူမှ ရှာမတွေ့သွားဘူး” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်း ပစ်ခတ်ရှင်းလင်းခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးသလို DVB အနေနဲ့လည်း ဘယ်အဖွဲ့က ပစ်ခတ်ရှင်းလင်းတယ်ဆိုတာ အတည်ပြုလို့ မရေသေးပါဘူး။

တောင်သူတွေအပေါ် စိုက်ပျိုးစရိတ်ချေးငွေတွေ ဖိအားပေးတောင်းနေတဲ့ မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဒေါ်အေးသီတာနဲ့ စစ်မှုထမ်းကိစ္စနဲ့ အရပ်သားတွေအပေါ် ဖိအားပေးနေတဲ့ ကျုံပျော်မြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းတို့ကိုလည်း မတရားလုပ်ရပ်တွေ ရပ်တန့်ထားဖို့ ကျုံပျော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) က ဇန်နဝါရီ ၁၃ ရက်က သတိပေးချက် ထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013