DVB Logo
Home
မြန်မာသတင်း
ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီးအကသမား မြန်မာကျားဖြန့်ဂိုဏ်းမှ ပြန်လွတ်မြောက်
DVB
·
January 15, 2025
ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီးအကသမား မြန်မာကျားဖြန့်ဂိုဏ်းမှ ပြန်လွတ်မြောက်
Donate to DVB

မြန်မာကျားဖြန့်ရာဇဝတ်ဂိုဏ်းတခုက ပြန်ပေးဆွဲထားတဲ့ ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီး အကသမား ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ နေရပ်ပြန်လည်ရောက်ရှိခဲ့ပြီလို့ Focus Taiwan သတင်းမှာ ဖော်ပြပါတယ်။

သိုယွန်မြို့တော်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အသက် ၂၇ နှစ်အရွယ် ရှီးယုဖန်ဟာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာ မိသားစုနဲ့ နောက်ဆုံးအဆက် အသွယ်ရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် သူဟာ မိသားစုဆီကနေ အမေရိကန်ဒေါ်လာတွေ ထောင်သောင်းချီ တောင်းခံခဲ့ပြီး သူ့ကို ပြန်ပေးငွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ တယ်လီကွန်း လိမ်လည်မှု လုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရှီးရဲ့ မိသားစုကတော့ ဒီဇင်ဘာ ၂၇ ရက်မှာ မြန်မာနိုင်ငံက ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကို သူပျောက်ဆုံးနေတဲ့အကြောင်း တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းမှတ်တမ်းအချက်အလက်တွေပေါ် အခြေခံပြီးတော့ ရှီးနောက်ဆုံးရှိနေတယ်လို့ သိထားရတဲ့ တည်နေရာဟာ မြန်မာနိုင်ငံမှာ ဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လတ်တလော ရှီးရဲ့ လွတ်မြောက်လာမှုမှာတော့ ထိုင်းနိုင်ငံဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံး၊ ထိုင်ဝမ် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရို၊ ထိုင်းအမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ၊ ထိုင်ဝမ်အပြည်ပြည်ဆိုင်ရာ လိမ်လည်မှု တိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းခရီးသွား ရဲဌာနတွေရဲ့ ကြိုးပမ်းမှုကြောင့်ဖြစ်ပြီး ရှီးရဲ့ မိသားစုက သူ့ကို ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ ငွေကြေးပမာဏကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ရှီးပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်ဝမ်ကို မပြန်ခင် သတင်းဌာနတွေနဲ့ တွေ့ဆုံ ချိန်မှာတော့ သူက အလုပ်အကိုင်အခွင့်အလမ်းအတွက် ဖေ့စ်ဘွတ်ခ်ပေါ်က ကြော်ငြာတခုကြောင့် ထိုင်းကို လာခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ကတဆင့် ဆက်သွယ်လာသူက သူ့ကို မီးအကဖျော်ဖြေပွဲအတွက် ထိုက်သင့်တဲ့ အခကြေးငွေကို ပေးဆောင်ထားကြောင်းလည်း ပြောပါတယ်။

ရှီးဟာ ဘန်ကောက်ရောက်လာပြီးနောက်ပိုင်း သူ့ကို မဲဆောက်က ဟိုတယ်တခုဆီ ခေါ်ဆောင်သွားခဲ့ကာ အဲဒီမှာ ၃ နာရီလောက်အကြာမှာ လူတဦးက တံခါးလာခေါက်ပြီး နောက်ထပ် ကားတစီးနဲ့ ထိုင်း-မြန်မာနယ်စပ် မြစ်ကမ်းဘေးဆီ ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မြစ်ကို လှေတစီးနဲ့ ဖြတ်နေချိန်မှာတော့ မြစ်ကမ်းတဖက်က စောင့်နေသူတွေဟာ ထိုင်းစကားပြောနေသူတွေ မဟုတ်တာကြောင့် တခုခုလွဲမှားနေတာကို သိခဲ့ရတယ်လို့ ရှီးက ပြောပါတယ်။

သူ့ရဲ့ ဖုန်းကို သိမ်းထားတာ၊ အမေရိကန်ဒေါ်လာ ၃ သောင်းပေးမှ ပြန်လွှတ်မယ်လို့ ပြောတာ၊ ကျားဖြန့်ရာဇဝတ်ဂိုဏ်းမှာ ရှိနေစဉ် ဖိအားပေး အတင်းအကျပ်ခိုင်းစေခံရတာတွေအပြင် မိသားစုနဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်ဖို့ ကွန်ပြူတာအသုံးပြုချိန်မှာ သိသွားခဲ့ပြီး အနီးနားက စစ်စခန်းမှာ ၉ ရက်ကြာ ချုပ်နှောင်ပြစ်ဒဏ်ပေးခံခဲ့ရတဲ့အကြောင်းလည်း သူက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်အထိ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရရှိထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ထိုင်ဝမ်နိုင်ငံသား ၁,၅၃၃ ဦးကို အစိုးရက နေရပ်ပြန်နိုင်ရေး အကူအညီ ပေးနိုင်ခဲ့ပြီး သူတို့ထဲက အများစုကတော့ အရှေ့တောင်အာရှနိုင်ငံတွေဆီ ၂၀၂၂ နှစ် လယ်ပိုင်းလောက်ကစတင်ကာ လစာငွေများတဲ့ အလုပ်တွေ ရရှိမယ်ဆိုတဲ့ ဖြားယောင်းမှုတွေနဲ့ ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဆီ ရောက်ရှိခဲ့ကြတာလို့ ဆိုပါတယ်။

ဝန်ကြီးဌာန ခန့်မှန်းချက်တွေအရ လက်ရှိအချိန်ထိ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ ထိုင်ဝမ်နိုင်ငံသား ၅၀၀ လောက် ရှိနေနိုင်သေး တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013