DVB Logo
Home
အားကစား
ဘဏ္ဍာရေးဆိုင်ရာ PSR စည်းမျဉ်းနှင့် အရေးယူမှုကနေ ပရီးမီးယားလိဂ်အသင်းများ ကင်းလွတ်
DVB
·
January 15, 2025
ဘဏ္ဍာရေးဆိုင်ရာ PSR စည်းမျဉ်းနှင့် အရေးယူမှုကနေ ပရီးမီးယားလိဂ်အသင်းများ ကင်းလွတ်
Donate to DVB

ပရီးမီးယားလိဂ်အသင်းအားလုံးဟာ ၂၀၂၃-၂၀၂၄ ကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ PSR စည်းမျဉ်းနဲ့ အရေးယူမှုကနေ ကင်းလွတ်ခွင့်ရသွားပါတယ်။ 

PSR လို့ ခေါ်ကြတဲ့အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုစည်းမျဉ်းအရ ကလပ်အသင်းအားလုံးဟာ ၃ နှစ်တာကာလအတွင်း ပေါင် ၁၀၅ သန်းထက်ပိုပြီး အရှုံးပေါ် ခွင့်မရှိပါဘူး။

ကနဦးမှာ လက်စတာအသင်းက စည်းမျဉ်းနဲ့ ငြိစွန်းနိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပေမဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ တန်းဆင်းခဲ့ရတာကြောင့် လက်စတာရဲ့ အယူခံတင်သွင်းမှု အောင်မြင်ခဲ့ပြီး အရေးယူခံရမှုကနေ ကင်းလွတ်ခွင့်ရခဲ့တာပါ။

ဒါပေမဲ့ ပရီးမီးယားလိဂ်ဘက်က အယူခံပြန်ပြီး တင်သွင်းထားလို့ လွတ်လပ်တဲ့ခုံရုံးမှာ ဆက်ပြီး အမှုရင်ဆိုင်ရဦးမှာပါ။

ပြီးခဲ့တဲ့နှစ်က နော်တင်ဟမ်ဖောရက်စ်နဲ့ အဲဗာတန်တို့က PSR စည်းမျဉ်းကို ချိုးဖောက်ပြီး အရှုံးများခဲ့တာကြောင့် အမှတ်လျှော့ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဗီလာနဲ့ နယူးကာဆယ်အသင်းတွေဟာလည်း စည်းမျဉ်းနဲ့ ငြိခဲ့ပြီးနောက် မနှစ်ကရာသီမှာ ကစားသမားတချို့ကို အလျင်အမြန်ရောင်းထုတ်ပြီး ဖြေရှင်းခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013