DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျပ်အတည်းလွန်မြောက်နိုင်ရေး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့   ဆွေးနွေး
DVB
·
January 14, 2025
နိုင်ငံရေးအကျပ်အတည်းလွန်မြောက်နိုင်ရေး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့   ဆွေးနွေး
Donate to DVB

သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါ်လာစေရေးနဲ့  ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး အပါအဝင် လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ကျော်လွှားနိုင်ဖို့ကိစ္စတွေ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ (7 EAO Alliance) ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်က  အွန်လိုင်းကနေ ကျင်းပခဲ့ကြတာပါ။

အစည်းအဝေးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူထုတွေ နေ့စဥ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမှုဒုက္ခမျိုးစုံကို သုံးသပ်ခဲ့ကြကာ လက်ငင်းနိုင်ငံရေးအကျပ်အတည်းမှ လွန်မြောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးအပြီး မဟာမိတ် ၇ ဖွဲ့က ထုတ်ပြန်ထားပါတယ်။  

ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်း  ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပါ်လာစေရေး၊ ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO တွေထဲမှာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု  ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ် တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြတယ်လို့ လည်း သိရပါတယ်။

ဒီအစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင်အဖြစ် RCSS-SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ဒုခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ (MNSP) နိုင်အောင်မင်းတို့က ဦးဆောင်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊  ဦးခိုင်စိုးနိုင်အောင်၊ စောမြရာဇာလင်း၊ ဦးမျိုးဝင်း စသူတွေ အပါအဝင် စုစုပေါင်း ၂၂  ယောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013