DVB Logo
Home
နိုင်ငံတကာ
အပြောင်းအလဲမြန်သည့် နိုင်ငံခြားရေးမူဝါဒကို ရှောင်ကြဉ်ရန် ထရမ့်ပ်ကို သမ္မတဘိုင်ဒင် တောင်းဆို
DVB
·
January 14, 2025
အပြောင်းအလဲမြန်သည့် နိုင်ငံခြားရေးမူဝါဒကို ရှောင်ကြဉ်ရန် ထရမ့်ပ်ကို သမ္မတဘိုင်ဒင် တောင်းဆို
Donate to DVB

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရာထူးမလွှဲခင် ရက်ပိုင်းအလိုမှာ သူ့အစိုးရလက်ထက် နိုင်ငံခြားရေးမူဝါဒကို ပြီးခဲ့တဲ့တနင်္လာနေ့က ခုခံပြောဆိုသွားပါတယ်။

လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာမကျိန်ဆိုခင် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ နောက်ဆုံးမိန့်ခွန်းတရပ်ကို ဘိုင်ဒင်က ပြောကြားခဲ့တာပါ​။

အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ဘိုင်ဒင်က “ကျနော်တို့ဟာ အလှည့်အပြောင်း ကာလတခုကို ရောက်ရှိနေပါပြီ။ စစ်အေးခေတ်လွန်ကာလ အဆုံးသတ်ခဲ့ပြီး ခေတ်သစ်တခု စတင်နေပြီဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။

ထရမ့်ပ် မဲဆွယ်စည်းရုံးစဉ်ကာလမှာလည်း ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် တောက်လျှောက် ရှုတ်ချခဲ့ပြီး ဒီမိုကရက်တွေက အမေရိကန်ရဲ့ အဆင့်အတန်းကို နိုင်ငံတကာမှာ ကျဆင်းစေခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း အပါအဝင် အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကိုပါ အခြေအနေ ပိုဆိုးစေတယ်လို့ စွပ်စွဲထားပါတယ်။

ဘိုင်ဒင် ကတော့ သူ့ရဲ့  ဦးဆောင်မှုအောက်မှာ “လွန်ခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အမေရိကဟာ ပိုပြီး အားကောင်းလာပါတယ်။ မဟာမိတ်တွေလည်း ပိုမိုကြံ့ခိုင်လာပါတယ်။ ကျနော်တို့ရဲ့  ရန်သူတွေနဲ့ ပြိုင်ဘက်တွေပါ ဒီထက်အားနည်းသွားခဲ့ပါတယ်။ အဲဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် စစ်ပွဲဆင်နွှဲခဲ့တာတော့ မဟုတ်ပါဘူး” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ဒင်ရဲ့ အစ္စရေးအပေါ် မယိမ်းယိုင်တဲ့ ထောက်ခံမှုဟာ သူ့လက်ထက်မှာ အမည်းစက်တခုလိုမျိုး အမြဲကျန်ရစ်နေမှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဒါဟာ အမေရိကန်က စစ်ပွဲပထမနှစ်မှာတင် အစ္စရေးအတွက် ဒေါ်လာ ၁၇ ဒသမ ၉ ဘီလီယံနီးပါး စံချိန်တင် ထောက်ပံ့ခဲ့တာကြောင့် ဖြစ်ပါတယ်။

၂၀၂၃ အောက်တိုဘာလမှာ ဂါဇာစစ်ပွဲ စတင်ခဲ့ပြီးနောက် ပါလက်စတိုင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို အစ္စရေးရဲ့ လုပ်ရပ်တွေဟာလည်း “လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကိုက်ညီမှုရှိနေတယ်” ဆိုပြီး ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

ဂါဇာစစ်ပွဲ ရပ်တန့်နိုင်ဖို့အတွက် အမေရိကန်က ထောက်ပံ့မှုလျှော့ချကာ ဖိအားပေးဖို့ကိုတော့ ငြင်းဆန်နေဆဲပဲ ဖြစ်ပါတယ်။

အဲဒီနောက် ထရမ့်ပ်ရဲ့ ပထမသက်တမ်းတုန်းကလိုမျိုး တသီးတသန့် ရပ်တည်လိုမှုနဲ့ အပြောင်းအလဲမြန်တဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဒုတိယသက်တမ်းမှာ ရှောင်ကြဉ်ဖို့အတွက် ဘိုင်ဒင်က တောင်းဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013