DVB Logo
Home
နိုင်ငံတကာ
သွေးလွန်တုပ်ကွေး ကူးစက်သောကြောင့် ဘရာဇီး၌  အရေးပေါ် အခြေအနေ ကြေညာ
DVB
·
January 12, 2025
သွေးလွန်တုပ်ကွေး ကူးစက်သောကြောင့် ဘရာဇီး၌  အရေးပေါ် အခြေအနေ ကြေညာ
Donate to DVB

သွေးလွန်တုပ်ကွေး ကူးစက်ပျံ့နှံ့တာကို ရင်ဆိုင်နေရတဲ့ ဘရာဇီးနိုင်ငံ ဆောင်ပါလိုပြည်နယ်က မြို့ပေါင်း ၂၁ မြို့မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတယ်လို့ ပြည်နယ်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ 

ဇန်နဝါရီ ၁၀ ရက်အထိ ဆောင်ပါလိုပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ အယောက် ၄,၃၄၀နဲ့ ဆက်စပ်သေဆုံးသူ အယောက် ၃၀ ကို စာရင်းသွင်းထားပြီး လက်ရှိမှာလည်း သွေးလွန်တုပ်ကွေး ရောဂါဆက်လက်ကူးစက်နေပါတယ်။ 

သွေးလွန်တုတ်ကွေးရောဂါဟာ ခြင်ကိုက်ခံရတာကနေ တဆင့် လူကို ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တာပါ။ 

ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်ဟာ သွေးလွန်တုပ်ကွေး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နှစ်စဉ် ကူးစက်ခံ လူဦးရေ သန်း ၁၀၀ ကနေ ၄၀၀ လောက် ရှိပါတယ်။ 

သွေးလွန်တုပ်ကွေးကို ကမ္ဘာတဝန်း အပူပိုင်းနဲ့ သမပိုင်းဒေသ ရာသီဥတုရှိရာ ဒေသတွေမှာ တွေ့ရပြီး အများအားဖြင့် မြို့ပြနဲ့  တစိတ်တပိုင်း မြို့ပြဖြစ်ထွန်းနေတဲ့ ဒေသတွေမှာ ကူးစက်လေ့ရှိပါတယ်။

ခြင်နဲ့ မွှားတို့ကနေ ကူးစက်တဲ့ ဗိုင်းရပ်စ်တွေကို ပိုစောင့်ကြည့်ဖို့၊ ကူးစက်ရောဂါ ပြန့်ပွားမှုကို စောင့်ကြည့်ဖို့အပြင် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ခြင်းတို့ကို အားကောင်းလာစေဖို့ ဆောင်ပါလို ပြည်နယ်မှာ သွေးလွန်တုပ်ကွေးနဲ့ တခြား အင်းဆက်တွေကနေ ကူးစက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ် ကုသရေးစင်တာ တခု တည်ထောင်ဖို့ ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ဆောင်ပါလိုပြည်နယ်မှာ အခုတော့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနဲ့ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ နိုင်ငံတော်အဆင့် အရေးပေါ်တုံ့ပြန်ချက် တရပ်ကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013