DVB Logo
Home
နိုင်ငံတကာ
ပီရူးလွှတ်တော်ဝန်ထမ်းများ မီနီစကပ်မဝတ်ရ အမိန့်ထုတ်
DVB
·
January 12, 2025
ပီရူးလွှတ်တော်ဝန်ထမ်းများ မီနီစကပ်မဝတ်ရ အမိန့်ထုတ်
Donate to DVB

ပီရူးကွန်ဂရက်လွှတ်တော်ဟာ သူ့ရဲ့ အမျိုးသမီးဝန်ထမ်းတွေကို ဒူးအထက်ပိုင်း ၆ လက်မလောက်ထိ တိုတဲ့ မီနီစကပ်တွေကို မဝတ်ဆင်ရဘူးလို့ တားမြစ်လိုက်ပြီး ပါလီမန်မှာ အလုပ်လုပ်နေချိန်အတွင်း မသင့်လျော်တဲ့ ၀တ်စားဆင်ယင်မှုဟာ ပြင်းထန်တဲ့ ပြစ်မှုတခုပဲ လို့လည်း ဖော်ပြခဲ့ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဌာနနဲ့ ကွန်ဂရက်လွှတ်တော်မှ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဥပဒေပြလွှတ်တော် အာဏာပိုင်တွေဟာ အခုသီတင်းပတ်အစောပိုင်းမှာ နွေရာသီကာလအတွင်း သူတို့ရဲ့ဝန်ထမ်းတွေအတွက် "ခွင့်ပြုထားတဲ့ ၀တ်စားဆင်ယင်မှု" ကို ဖော်ပြခဲ့ပါတယ်။

ကွန်ဂရက်ရဲ့ စည်းမျဉ်းတွေအရ ဝန်ထမ်းတွေဟာ ရာသီအလိုက် သင့်လျော်တဲ့ အဝတ်အစားတွေနဲ့ သူတို့ရဲ့ အလုပ်ခွင်ကို လာရောက်ခွင့်ရှိပြီး ဂျာကင်အင်္ကျီနဲ့ လည်စည်းကြိုးတွေ မဝတ်ဆင်လို့လည်း ရကြောင်း၊ ဒါပေမဲ့လည်း "ဂျင်းဘောင်းဘီ၊ အားကစားဖိနပ်၊ ဘောင်းဘီတို၊ မီနီစကပ်နဲ့ အလားတူ ခွင့်ပြုချက်မရှိတဲ့ ဝတ်စားဆင်ယင်မှုကို တားမြစ်ထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကွန်ဂရက်လွှတ်တော်ရဲ့ ခန်းမဆောင်ရှိ ပိုစတာထဲမှာ ဖော်ပြထားတဲ့ အဲဒီအစီအမံဟာ လွှတ်တော်အမတ် ၁၃၀ အတွက် ၀တ်စားဆင်ယင်မှုပုံစံကို ဖော်ပြထားခြင်း မဟုတ်ဘဲ သူ့ဝန်ထမ်း ၃၅၀၀ အတွက်သာ ဖြစ်ပါတယ်။

လွှတ်တော်အမတ် ဆူဆဲလ်ပါရယ်ဒေစ်ကတော့  မီနီစကတ်ဟာ ဘယ်သူ့ကိုမှ မထီမဲ့မြင်ပြုနေတာ မဟုတ်ဘူးလို့  ပြောပါတယ်။

ဒီဇင်ဘာလတုန်းက ဝန်ထမ်းဟောင်းတယောက် သေဆုံးပြီးနောက်မှာ အစိုးရရှေ့နေရုံးဟာ ကွန်ဂရက်လွှတ်တော်အတွင်း သံသယရှိ လူကုန်ကူးမှု ကွင်းဆက်ကို စုံစမ်းစစ်ဆေးနေချိန်မှာ ဒီတားမြစ်ချက်က "ထူးဆန်း"နေပြီး ဒီနေရာက လွှတ်တော်လား ကွန်ဗင့်ကျောင်းလား ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

လီမာဒေသခံ ဒါလီယာ ဂါဘေးကတော့ “ကျောင်းမှာကတည်းက ဒူးဖုံးတဲ့ ဒူးအောက်စကတ်တွေဝတ်ရမယ်လို့ အမျိုးသမီးတွေကို ပြောထားပြီးတော့ အဲလိုမဝတ်ရင် ယောက်ျားတွေကို ဆွဲဆောင်တာ ဒါမှမဟုတ် တခြားအရာတွေ လုပ်ဖြစ်အောင် တွန်းအားပေးတာကြောင့်လို့ ပြောကြတယ်။ အဲဒါက မဟာဖိုဝါဒီ ဆန်တယ်။ ကွန်ဂရက်လို အရေးကြီးတဲ့ အဖွဲ့အစည်းတခုမှာတောင် ဒီလိုလွဲမှားနေတဲ့ အယူအဆကို ထိန်းထားတာ”လို့ ဝေဖန်ပါတယ်။

ကွန်ဂရက်မှာ မီနီစကတ်ကို ပိတ်ပင်ဖို့ သဘောတူတဲ့သူတွေလည်းရှိပြီး စကပ်ဟာ ခန္ဓာကိုယ်ကို အများကြီး ဖော်ပြနေတာကြောင့် အဖွဲ့အစည်းနဲ့ လုပ်ငန်းခွင်တွေမှာတော့ ဘောင်းဘီရှည်ပဲ ဝတ်သင့်တယ်လို့ သဘောထားသူတွေလည်း ရှိကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013