DVB Logo
Home
နိုင်ငံတကာ
လော့အိန်ဂျလိစ် မီးဘေးသင့်ပြည်သူများကို လှူရန် လေဟာပြင်စင်တာကြီး ၁ ခု စတင်
DVB
·
January 11, 2025
လော့အိန်ဂျလိစ် မီးဘေးသင့်ပြည်သူများကို လှူရန် လေဟာပြင်စင်တာကြီး ၁ ခု စတင်
Donate to DVB

လော့အိန်ဂျလိစ်တောမီးကြောင့် ဒုက္ခရောက်တဲ့သူတွေကို အစားအသောက်၊ အဝတ်အထည်နဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေ လှူဒါန်းတဲ့ လေဟာပြင်စင်တာကြီး တခုကို ဇန်နဝါရီ ၁၀ ရက်က စတင်ခဲ့ပါ တယ်။ 

လဟာပြင်အလှူကို စေတနာရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရို့စ်ဘိုးလ်အားကစားကွင်းအရှေ့မှာ ဒီတပတ် အစောပိုင်းကပြုလုပ်ခဲ့ပြီး သောကြာနေမှာ ကားပါကင်မှာ ပြောင်းလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မီးဘေးသင့်ဒေသခံတွေဟာ သွား တိုက်ဆေးက အဝတ်အထည်တွေ၊ အစားအသောက်တွေ အသုံးအဆောင်ပစ္စည်းတွေကို အခမဲ့ ယူသုံး စွဲနိုင်မှာဖြစ်ပါတယ်။ 

မီဘေးသင့်ဒေသခံတွေကို ဟောလိဒ်ဝုဒ်သရုပ်ဆောင်တွေကလည်း သူတို့ရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ ကိုလှူဒါန်းခဲ့ပါသေးတယ်။ 

ဒီတပတ်အတွင်း လော့အိန်ဂျလိစ်မှာ တောမီးကြောင့် ပျက်ဆီးမှုတွေ ဖြစ်ပွားနေချိန် အိမ်ခြံမြေ ပွဲစား ဂျန်နာကူးပါက လိုအပ်သူတွေကို အဝတ်အစားတွေ စတင်လှူဒါန်းဖို့ စတင်ခဲ့ပါတယ်။

ဂျန်နာရဲ့ မေတ္တာ ရပ်ခံချက်နဲ့ ဟောလိဒ်ဝုဒ် မင်းသမီးကြီး ရှာရွန်စတုန်းနဲ့ ဟယ်လီဘယ်ရီတို့ ကလည်း သူတို့ စုဆောင်းထားတဲ့ အဝတ်အစားတွေ အသုံးအဆောင် ပစ္စည်းတွေကို မီးဘေးသင့် ဒေသခံတွေကို လှူဒါန်းခဲ့ပါတယ်။ 

တောမီးဟာ မြို့ရဲ့ အရှေ့နဲ့ အနောက်တို့မှာ လောင်ကျွမ်းခဲ့ပြီး လူ ၁၀ ဦး သေဆုံးထားကာ အဆောက်အအုံ ၁၀၀၀၀ ကျော် ပျက်ဆီးထားပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013