DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၄ နှစ်အတွင်း နိုင်ငံ၏ ကျန်းမာရေးအခြေအနေ ဆိုးဝါးစွာ ကျဆင်းလာ
DVB
·
January 10, 2025
အာဏာသိမ်း ၄ နှစ်အတွင်း နိုင်ငံ၏ ကျန်းမာရေးအခြေအနေ ဆိုးဝါးစွာ ကျဆင်းလာ
Donate to DVB

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ “မြန်မာနိုင်ငံရဲ့ ပြည်သူ့ ကျန်းမာရေးအခြေအနေအား လေ့လာဆန်းစစ်ခြင်း”  (Public Health Situation Analysis) အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး လွှမ်းခြုံနိုင်မှု အခြေအနေတွေက ဆိုးဝါးစွာ ကျဆင်းလာတာကို တွေ့ရှိရပါတယ်၊

ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်မှုဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ သိသိသာသာကျဆင်းခဲ့ပြီး ကာကွယ်ဆေးအားလုံးအတွက် လွှမ်းခြုံနိုင်မှုဟာ ၅၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းခဲ့ပါတယ်။ 

ဆုံဆို့နာ၊ မေးခိုင်ရောဂါနဲ့ ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေး (DTP3) လွှမ်းခြုံနိုင်မှု ဟာလည်း ၂၀၂၂ ခုနှစ်မှာ အနည်းငယ် ပြန်တိုးလာပေမဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင် ကာလတွေဆီကို ပြန်လည် မရောက်သေးဘူးလို့ ဆိုထားပါတယ်။

လက်တွေ့မှာတော့ ဒီကိန်းဂဏန်းတွေက လုံလောက်တဲ့ ပမာဏ မဟုတ်ကြောင်း ဆရာဝန်တယောက်က ပြောပါတယ်။

“ဒီတိုးလာတယ်ဆိုတဲ့ ပမာဏက တကယ်တမ်းလုံလောက်တဲ့ အရေအတွက်မဟုတ်ဘူး၊ ကာကွယ်ဆေးမှာ ရှိတယ်၊ အဖွဲ့လိုက်စုပေါင်းကာကွယ်နိုင်စွမ်းဆိုတာ။ ၉၅ ရာခိုင်နှုန်းနဲ့အထက် လွှမ်းခြုံနိုင်မှာ ကာကွယ်ဆေးက မဟုတ်ရင် outbreak ပေါ့။ ကာကွယ်ဆေးနဲ့ ကာကွယ်ထားတဲ့ ပိုလီယိုတို့၊ ဝက်သက်တို့ပေါ့။ ဆုံစို့၊ ကြက်ညှာတို့ဆိုတာက ကာကွယ်ဆေးနဲ့ ကာကွယ်ရတာ လွယ်သလို ကာကွယ်ဆေးမရှိရင် အဖွဲ့လိုက်အစုလိုက် ကူးစက်နှုန်းတွေ မြင့်လာပြီး လူသေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။”

အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်နိုင်ဖို့ကလည်း ၂၀၂၄ ခုနှစ်မှာ အခြေခံကုန်ကျစရိတ်တွေက ၂၀၂၃ ခုနှစ်ထက် ၂၉ ရာခိုင်နှုန်း မြင့်တက်သွားတယ်လို့ သိရပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ဒေသကလူထုက ကုန်ဈေးနှုန်းကြီးမြင့်မှုကို အဆမတန်ခံနေကြရတာပါ၊

CDM ကလေးအထူးကုဆရာဝန်တယောက်က “အာဏာမသိမ်းခင်က ကျနော်တို့ ကလေးကျန်းမာရေး ပြည်သူ့ကျန်းမာရေးနယ်ပယ်မှာ ရောဂါတော်တော်များများကို ကာကွယ်ဆေးထိုးပြီး အမြစ်ဖြတ်နိုင်ဖို့ စီမံချက်တွေအများကြီးရှိတယ်၊  အဲဒီ coverage စနစ်က လည်း လုံးဝပျက်စီးသွားတယ်။ ကာကွယ်ဆေးက လုံလောက်အောင်မထိုးနိုင်ရင် ရောဂါပျံ့နှံ့သလို ဆေးယဉ်ပါးတာတွေလည်းဖြစ်နိုင်တယ်။ အဲလို ဖြစ်နေချိန်မှာ အာဟာရပါ မပြည့်ဝဘူးဆိုရင်တော့ ကာကွယ်ဆေးကြောင့် ရောဂါဝင်နိုင်ခြေများပါတယ်ဆိုနေ အစာအာဟာရနဲ့ ရောဂါကာကွယ်နိုင်ခြေ အသက်ရှင်နိုင်ခြေ တွေလည်း နည်းသွားတယ်။ အထူးသဖြင့် ကလေးတွေရဲ့ အပိုင်းမှာ လူဖွံ့ဖြိုးတာတင်မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှုပါ ပါတာဆိုတော့ သူတို့ရဲ့ ဉာဏ်ရည်ထိခိုက်မှုတွေပါ ရှိလာနိုင်တာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်ရတဲ့ ရောဂါတွေက လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တီဘီရောဂါတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

မြန်မာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၃၈ သန်းကျော်က ငှက်ဖျားရောဂါ ကူးစက်နိုင်ခြေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါကလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅,၀၆၁ ယောက်ရှိပြီး သေဆုံးသူ ၁၃ ယောက် ရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆,၂၀၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ  ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါဖြစ်ပွားမှု အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ TB နဲ့ AIDS  ဖြစ်ပွားမှုတွေကလည်း မြင့်လာပြီး ၂၀၂၃ ခုနှစ်မှာ တီဘီရောဂါကြောင့် လူ ၄၉,၃၀ ယောက် နဲ့ AIDS နဲ့ ဆက်စပ်ရောဂါတွေကြောင့် လူပေါင်း ၆၄၀၀  သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ရောဂါတွေနဲ့ ဖော်ပြထားတဲ့ရောဂါတွေကို ထိရောက်တဲ့ ကာကွယ်မှုနဲ့ ရောဂါထိန်းချုပ်ရေး အစီအမံတွေ မလုပ်ဆောင်နိုင်ရင် နောင်လာမယ့် ၁၀ စုနှစ်ကျော် ကာလအတွင်းမှာ သေဆုံးသူဟာ ၂၁ ရာခိုင်နှုန်း ပိုမိုတိုးလာနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013