DVB Logo
Home
မြန်မာသတင်း
အောင်ပန်းတွင် စစ်တပ်က တောင်းသည့်ငွေမရသဖြင့် ကုန်တင်ယာဉ်မောင်းကို ပစ်ခတ်ဖမ်းဆီး
DVB
·
January 10, 2025
အောင်ပန်းတွင် စစ်တပ်က တောင်းသည့်ငွေမရသဖြင့် ကုန်တင်ယာဉ်မောင်းကို ပစ်ခတ်ဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ဂိတ်မှာ ကုန်တင်ကားကြီးတွေဆီက တောင်းတဲ့ငွေ မရလို့ စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးသွားတယ်လို့ ကုန်တင်ကားမောင်းသူထံက သိရပါတယ်။

ဇန်နဝါရီ ၉ ရက် က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ဘီး ကုန်တင်ကားကြီးကို ကျပ် ၂ သိန်း၊ တွဲကား တစီးကို ကျပ် ၃ သိန်းအထိ တောင်းယူရာမှာ ကားဆရာက မပေးနိုင်တာကြောင့် စကားများပြီး စစ်တပ်က သေနတ်ပစ်ဖောက်ပြီး အဲဒီကားဆရာကို ဖမ်းသွားတယ်လို့ ပြောပါတယ်။

မျက်မြင် ကားဆရာတယောက်က “ညဘက် သူတို့က ပေးမဖြတ်ဘူးလေ။ အဲလိုအချိန်ကို လာဘ်ထိုးပြီးသွားရတာ။ အရင်ဆို ၅ သောင်း၊ ၈ သောင်းပဲ ပေးရတယ်။ ခုကျ ၂ သိန်းတောင် အနည်းဆုံးတောင်းတော့ အဆင်မပြေကြဘူး။ စကားများပြီး စစ်တပ်က သေနတ်ပစ်ဖောက်တယ်။ နောက်ပြီး စကားများတဲ့ ကားဆရာကို သေနတ်နဲ့ထု ရိုက်နှက်ဖမ်းသွားတယ်။ ကားလည်းသိမ်းသွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကားဆရာနဲ့ ကားကို စစ်တပ်က ဘယ်နေရာဖမ်းသွားတယ်ဆိုတာ မသိရဘဲ ဖြစ်နေတယ်လို့ ဖမ်းခံရသူနဲ့ နီးစပ်သူ ကားဆရာတွေက ပြောပါတယ်။

အောင်ပန်းမြို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စီးပွားရေးအချက်အချာကျတဲ့ မြို့ဖြစ်ပြီး ရှမ်းတောင်ထွက် ကုန်စိမ်းတွေကို အောင်ပန်းမြို့ရှိ ပွဲရုံတွေထံ လာရောက်ရောင်းချရသလို အဲဒီပွဲရုံတွေကတဆင့် နိုင်ငံတဝန်းလုံးကို ထပ်မံတင်ပို့ ရောင်းချရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013