DVB Logo
Home
နိုင်ငံတကာ
ကနေဒါဝန်ကြီးချုပ် ထရူးဒိုး ရာထူးက နုတ်ထွက်ဖွယ်ရှိ
DVB
·
January 6, 2025
ကနေဒါဝန်ကြီးချုပ် ထရူးဒိုး ရာထူးက နုတ်ထွက်ဖွယ်ရှိ
Donate to DVB

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ ရာထူးကနုတ်ထွက်ကြောင်း ကြေညာဖို့များနေပြီး အပြီးသတ်တော့ မဆုံးဖြတ်ရသေးဘူးလို့ သတင်းရင်းမြစ်တယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဝန်ကြီးချုပ်ရာထူး ၉ နှစ်ကြာ ထမ်းဆောင်နေတဲ့ ထရူးဒိုးဟာ အာဏာရ လစ်ဘရယ်ပါတီ ခေါင်းဆောင် အဖြစ်ကပါ တနင်္လာနေ့မှာ နုတ်ထွက်မှာဖြစ်တယ်လို့ ကနေဒါသတင်းစာ the Globe and Mail က အရင်ဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ နှောင်းပိုင်းမှာ ကျင်းပရဖို့ရှိတဲ့ ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေဟာ အတိုက်အခံ ကွန်ဆာဗေးတစ်တွေကို အပြတ်အသတ် အရေးနိမ့်မယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ လစ်ဘရယ်ပါတီဝင်အမတ်တွေ အရေးပေါ်အစည်းအဝေးရှိတဲ့အတွက် အဲဒီအစည်းအဝေးမတိုင်မီ ကြေညာဖို့ရှိတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

အသက် ၅၃ နှစ်ပဲရှိသေးတဲ့ ထရူးဒိုးဟာ ဝန်ကြီးချုပ်သစ်နဲ့ ပါတီခေါင်းဆောင်သစ် ရွေးပြီးတဲ့အထိ ဆက်တာဝန်ယူမှာလား၊ ချက်ချင်းထွက်မှာလား ဆိုတာတော့ မသေချာသေးဘူးလို့ ဆိုပါတယ်။

လစ်ဘရယ်ပါတီ အရေးမလှဖြစ်နေပြီး လွှတ်တော်ထဲမှာ တတိယနေရာအထိ ရောက်သွားချိန် ၂၀၁၃ မှာ ထရူးဒိုးက ပါတီခေါင်းဆောင်နေရာ တာဝန်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ မှာ   ရွေးကောက်ပွဲနိုင်၊ ဝန်ကြီးချုပ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ထရူးဒိုးဟာ ဘဏ္ဍာရေးဝန်ကြီး ဒေါမနစ် လာဘလန့်ကို ကြားဖြတ်ဝန်ကြီးချုပ်နေရာ တာဝန်ယူပေးဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

ထရူးဒိုးရဲ့ ဖခင်ဟာလည်း ကနေဒါဝန်ကြီးချုပ်တာဝန် ယူခဲ့ဖူးတဲ့  ပီယဲ ထရူးဒိုး ဖြစ်ပြီး အဘိုးဖြစ်သူဟာလည်း ငါးလုပ်ငန်းဝန်ကြီးတာဝန် ယူဖူးတာကြောင့် နိုင်ငံရေးမျိုးရိုးက ဆင်းသက်လာသူ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013