DVB Logo
Home
နိုင်ငံတကာ
ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် အန္တရာယ်အရှိဆုံးအဆင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်
DVB
·
January 3, 2025
ဗီယက်နမ်မြို့တော် ဟနွိုင်းတွင် အန္တရာယ်အရှိဆုံးအဆင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်
Donate to DVB

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းမှာ ၂၀၂၅ ခုနှစ်အစ ဇန်နဝါရီ ၃ ရက်က မီးခိုးမြူတွေ ဖုံးအုပ်ထားတာကြောင့် ဒေသခံတွေ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဟနွိုင်းရဲ့ လေထုအရည်သွေးက အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်နေပြီး လေအရည်သွေးညွှန်းကိန်း (AQI) ရမှတ် ၃၀၅ မှတ်အထိ ရှိနေပါတယ်။

ဆွစ်ဇာလန်အဖွဲ့ IQAir ရဲ့ ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့ထဲမှာ ပါဝင်နေပါတယ်။

မီးခိုးမြူတွေ များပြားမှုက အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်မှု၊ အမှိုက်မီးရှို့မှုနဲ့ စက်မှုဇုန်တွေက ထုတ်လုပ်တဲ့ မီးခိုးတွေကြောင့် ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဒီမီးခိုးမြူတွေကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က မြို့ပေါ်မှာ မနက်စောစော မြင်ကွင်းတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။

လေအရည်အသွေး သုည ကနေ ၅၀ အထိက အစိမ်းရောင်အဆင့် အကောင်းမွန်ဆုံးဖြစ်ပြီး အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ ခရမ်းရောင်၊ ကြက်သွေးရောင်ဆိုပြီး အန္တရာယ်ရှိတဲ့ အဆင့်တွေကို အရောင်နဲ့ ခွဲထားပါတယ်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရဲ့ အရောင်က အန္တရာယ်အရှိဆုံး ကြက်သွေးရောင်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီအဆင့်ဟာ အရေးပေါ်အဆင့်ဖြစ်ပြီး လူတိုင်း အသက်အရွယ်မရွေး အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုပဲ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013