DVB Logo
Home
မြန်မာသတင်း
ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီးအကသမားကို မြန်မာရာဇ၀တ်ဂိုဏ်းတခုက ပြန်ပေးဆွဲ
DVB
·
January 3, 2025
ထိုင်ဝမ်ပရော်ဖက်ရှင်နယ် မီးအကသမားကို မြန်မာရာဇ၀တ်ဂိုဏ်းတခုက ပြန်ပေးဆွဲ
Donate to DVB

ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ထိုင်ဝမ်နိုင်ငံသား ခရီးသွားယောက်ကို မြန်မာနိုင်ငံဘက်က ရာဇ၀တ်ဂိုဏ်းတခုက ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတဲ့အကြောင်း Taipei Times သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

အသက် ၂၇ နှစ်အရွယ် ရှီးအမည်ရတဲ့ အဆိုပါ အမျိုးသားဟာ သူ့ရဲ့ မိသားစုကို ပြီးခဲ့တဲ့ တပတ် ဗုဒ္ဓဟူးနေ့က နောက်ဆုံး ဆက်သွယ်ခဲ့တဲ့အကြောင်း သိုယွန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

ရှီးဟာ သူ့မိသားစုဆီကနေ အမေရိကန်ဒေါ်လာတွေ ထောင်သောင်းချီ တောင်းခံခဲ့ပြီး သူ့ ကို ပြန်ပေးငွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ တယ်လီကွန်း လိမ်လည်မှုလုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့ အတင်းအကြပ် ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖုန်းမှတ်တမ်းအချက်အလက်တွေပေါ် အခြေခံပြီးတော့ ရှီးနောက်ဆုံးရှိနေတယ်လို့ သိထားရတဲ့ တည်နေရာဟာ မြန်မာနိုင်ငံမှာ ဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရှီးရဲ့ မိသားစုကတော့ ပြီးခဲ့တဲ့ တပတ် သောကြာနေ့မှာ မြန်မာနိုင်ငံက ထိုင်ဝမ် ကိုယ်စားလှယ်ရုံးကို သူပျောက်ဆုံးနေတဲ့အကြောင်း တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးဌာနအနေနဲ့ ရှီးရဲ့ ဖုန်းကနေ နောက်ဆုံးသိထားရတဲ့ တည်နေရာ၊ မိသားစုတွေဆီက ရရှိထားတဲ့ ဆက်သွယ်ရေးအချက်အလက်တွေအပေါ်အခြေခံပြီးတော့ ရနိုင်သမျှ လမ်းကြောင်းတွေကတဆင့် ရှာဖွေဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ပရော်ဖက်ရှင်နယ် မီးအကသမားတယောက်ဖြစ်တဲ့ ရှီးရဲ့ ပျောက်ဆုံးမှုကို အဓိကကျတဲ့ ရာဇ၀တ်မှုတခုဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံဘက်က ရာဇ၀တ်ဂိုဏ်းတွေမှာ အတင်းအကျပ် ဖိအားပေးအလုပ်ခိုင်းစေခံရတဲ့ အရေအတွက်တိုးလာနေချိန်မှာ အရှေ့တောင် အာရှနိုင်ငံတွေဆီ လာရောက်လည်ပတ်ကြတဲ့ထိုင်ဝမ်နိုင်ငံသားတွေအနေနဲ့  သတိထားကြဖို့ သတိပေးထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အ လက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့ တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

Source: Taipei Times 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013