DVB Logo
Home
နိုင်ငံတကာ
နယူးအော်လင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်သူမှာ IS သစ္စာခံဖြစ်ဟု သမ္မတဘိုင်ဒင် ပြော
DVB
·
January 3, 2025
နယူးအော်လင်းတွင် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်သူမှာ IS သစ္စာခံဖြစ်ဟု သမ္မတဘိုင်ဒင် ပြော
Donate to DVB

နှစ်သစ်ကူးနေ့ လူအုပ်ထဲကို ထရပ်ကားမောင်းဝင်တိုက်ခဲ့တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းဟာ IS အဖွဲ့ကို သစ္စာခံထားကြောင်း ထောက်လှမ်းရေး အစည်းအဝေးတွေကနေ သိရှိခဲ့ရပေမဲ့ သူဟာ လူ ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို တယောက်တည်း လုပ်ဆောင်ခဲ့တာလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ‌ ၂ ရက်မှာ ပြောပါတယ်။

ရဲတပ်ဖွဲ့ကို ပစ်ခတ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှာ ပစ်သတ်ခံခဲ့ရတယ်လို့ FBI ကပြောတဲ့ သံသယရှိသူဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အသက် ၄၂ နှစ်အရွယ် တက္ကဆက်ပြည်နယ်သား ရှမ်ဆွဒ် ဒင် ဂျက်ဘာလို့ ဖော်ထုတ်ထားပါတယ်။

သူဟာ ဒီဇင်ဘာ ၃၁ ရက်က ဟူစတန်မြို့ကနေ နယူးအော်လင်းမြို့ကို မောင်းနှင်လာခဲ့ကာ တိုက်ခိုက်မှုဖြစ်ပွားတဲ့ မနက် ၁ နာရီ ၂၉ မိနစ်မှ ၃ နာရီ ၂ မိနစ်အကြားမှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ဗီဒီယို ၅ ခု တင်ခဲ့ပြီး အဲဒီဗီဒီယိုတွေထဲမှာ သူဟာ အီရတ်နဲ့ ဆီးရီးယားရှိ တိုက်ခိုက်ရေးသမားတွေနဲ့အတူ IS အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ကို အားပေးထောက်ခံကြောင်းတွေ ပြောထားတယ်လို့ FBI က ထုတ်ဖော်ထားပါတယ်။

ဗီဒီယိုထဲမှာ မြင်နေရတဲ့လူတွေဟာ အအေးခန်းကားကို စပ်စုကြတဲ့ လမ်းသွားလမ်းလာတွေသာ ဖြစ်ပြီး ကြံရာပါတွေ မဟုတ်ဘူးလို့ စုံစမ်းရေးမှူးတွေက ယူဆထားပါတယ်။

ဖက်ဒရယ်တရားဥပဒေစိုးမိုးရေးနဲ့ ထောက်လှမ်းရေးအသိုက်အဝန်းဟာ တိုက်ခိုက်မှုနဲ့ ဆက်စပ်နိုင်ဖွယ်ရှိတဲ့ ပြည်တွင်း၊ ပြည်ပ အဆက်အသွယ်တွေနဲ့ ဆက်သွယ်မှုတွေကိုလည်း တက်တက်ကြွကြွ စုံစမ်းစစ်ဆေးနေတာကြောင့် နယူးအော်လင်းန်စ် တိုက်ခိုက်မှုနဲ့ လာ့စ်ဗီးဂတ်စ်က ထရမ့်ပ်ဟိုတယ် အပြင်ဘက်မှာ တက်စ်လာ ဆိုင်ဘာထရပ်ကား ပေါက်ကွဲမှုအကြား ဆက်နွှယ်မှု ရှိ မရှိကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

အခုလောလောဆယ်တော့ အကျဉ်းချုံးပြီးသွားပြီး အဲဒီကိစ္စ ၂ ရပ်မှာ ဆက်နွှယ်မှုဆိုင်ရာ အထောက်အထား တစုံတရာ မတွေ့ရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဘာ့ဘွန်းလမ်းမှာ လုံခြုံရေးထိန်းချုပ်ထားတဲ့ နေရာတွေကိုလည်း FBI က ဒေသဆိုင်ရာ တာဝန်ရှိသူတွေကို ပြန်ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ နယ်မြေလုံခြုံရေးကို အားဖြည့်ထားပြီး ရောင်းရေးဝယ်တာ စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်လို့ရသင့်ကြောင်းလည်း ဘိုင်ဒင်က ပြောပါတယ်။

အမေရိကန်ဟာ ISIS နဲ့ တခြားအကြမ်းဖက်အဖွဲ့တွေကို မဆုတ်မနစ် ဆက်လက် လိုက်ရှာနေမှာဖြစ်ပြီး အမေရိကန်မှာ သူတို့အတွက် လုံခြုံတဲ့ခိုနားရာ မရှိနိုင်ဘူးလို့လည်း ဆိုပါတယ်။

နောက်ထပ် သတင်းအချက်အလက်တွေ ထပ်ရလာရင် အမေရိကန်ပြည်သူတွေကို ဝေမျှပေးသွားမှာ ဖြစ်တယ်လို့လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသွားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013